ဧရာဝတီတိုင်းမ်
(မုန်း)၊ ‌‌‌‌‌‌‌‌ဧပြီ ၅ ရက်

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်နယ် မြေ တပ်မဟာ-၃ ဒေသအတွင်းရှိ မုန်း(မူးမြို့နယ်)တွင် ဖမ်းဆီးရမိသည့် ကျပ် သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများကို ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင်ဆေးခြောက်၊ ဆေးပြားများ နှင့် အရက်များ ပါဝင်ပြီး ကာလတန်ဖိုး ကျပ်ငွေ သိန်း ၇၀၀ ကျော် တန်ဖိုးရှိကြောင်း KNU ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ မူးယစ် ဆေးဝါးများကို မူးမြို့နယ်တပ်ရင်း-၈ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီတာဝန်ရှိသူများ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) တာဝန်ရှိသူများ ဦးစီးကာ မူးယစ်ဆေးဝါးတိုက်ဖျက်ခေါင်းစဉ်ဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်ရင်း-၈ ဒေသအတွင်း မူးယစ်ဆေးဝါးဝယ်ယူသုံးစွဲခြင်းကို ပိတ်ပင်တားပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများ နှင့် သုံးစွဲသူများကို ကရင်အမျိုးသား အစည်း အရုံး(KNU) မှ ပြဋ္ဌာန်းထားသည့် မူးယစ်ဆေးဝါးအထူးအက်ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြာင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – KNU
ပုံစာ – ဖမ်းဆီးရမိခဲ့သည့်မူးယစ်‌ ဆေးဝါးများ
#KNU #ပဲခူး #မုန်းမြို့နယ် #တပ်မဟာ၃ #မူးယစ်ဆေးဝါး #ဖမ်းဆီးရမိ #မီးရှို့ဖျက်ဆီး #Ayeyarwaddy_Times