ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်

ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီနဲ့ အီရန်အစိုးရ အပေါ် ဖိအားပေးမယ့် အစီအမံတွေလုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဧပြီလ ၄ ရက် မှာ သဘောတူခဲ့ပါတယ်။

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့တာ သို့မဟုတ် ရောင်းချတာမပြုလုပ်ဖို့ ကမ္ဘာ့နိုင်ငံအစိုးရတွေ ကို တောင်းဆိုထားတဲ့ ဘုံအစီအမံတစ်ရပ်ကို နိုင်ငံပေါင်း ၄၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂ လူ့အ ခွင့်အရေးကောင်စီက ထောက်ခံလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်ဒဏ်သင့်မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူး လွန်ရာမှာ လေယာဉ်ဆီကို အသုံးပြုဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ယူဆပါ တယ်။

မြန်မာနိုင်ငံသို့ စစ်လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ အခြား စစ်လက်နက်ကိရိယာတွေ တရားမဝင် လွှဲပြောင်းပေးတာ ရပ်ဆိုင်းဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တိုက်တွန်းခဲ့ပါ တယ်။

စစ်မြေပြင်မှာ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရှုံးနိမ့်နေတဲ့ မြန်မာစစ်ကောင်စီဟာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ မြန် မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ပြီးခဲ့တဲ့လအတွင်း သတိပေး ခဲ့ပါတယ်။

စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ရာမှာ အသုံးပြုတဲ့ မြန်မာ စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့တာကို လက်သင့်မခံဘူးဆိုတာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရဲ့ အရေးပါတဲ့ သတင်းစကားတစ်ရပ် ဖြစ်ပါတယ်လို့ ဂျီနီဗာမြို့တော်ရှိ ကုလသမဂ္ဂဆိုင်ရာ အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ ကိုယ်စားလှယ် အင်နီယန်အိုင်လန်ဂိုက ပြောပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံထံ တိုက်ရိုက်နဲ့ တိုက်ရိုက်မဟုတ်တဲ့ လေ ယာဉ်ဆီတင်ပို့မှုတွေကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်သင့်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – AP
Ref; UN calls on governments to stop exports of jet fuel to Myanmar

#Ayeyarwaddy_Times