ဧရာဝတီတိုင်းမ်
ဧပြီ ၅ ရက်

ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားသား ကွန်ဒိုဝယ်ယူသူစာရင်းမှာ တရုတ်နဲ့ ရုရှားနိုင်ငံသား တွေက ထိပ်ဆုံးကရှိနေပြီး ဗီဇာကင်းလွတ်ခွင့်နဲ့ ပထဝီနိုင်ငံရေးပဋိပက္ခကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီကအခြေအနေထက် မြင့်တက်လာခဲ့တယ်လို့ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) ရဲ့ ပြောကြားချက်အရ သိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဘတ် ၇၃ ဒသမ ၂ ဘီလီယံ တန်ကြေးရှိ ကွန်ဒို ၁၄၄၄၉ ခန်းကို နိုင်ငံခြား သားတွေထံ ရောင်းချခဲ့ရာ ၂၀၂၂ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ နိုင်ငံပိုင် အိုးအိမ်ဘဏ် လက်အောက်ရှိ REIC က ပြုစုတဲ့ အချက်အလက်တွေအရ သိရပါတယ်။

တရုတ်နိုင်ငံသားတွေဟာ ကွန်ဒိုတိုက်ခန်းတွေရဲ့ ၄၆ ရာခိုင်နှုန်းဖြစ်တဲ့ ဘတ် ၃၄ ဒသမ ၁ ဘီလီ ယံတန်ကြေးရှိ ကွန်ဒို ၆၆၁၄ ခန်း ဝယ်ယူခဲ့တာလို့ အိမ်ခြံမြေမှတ်ပုံတင် အချက်အလက်တွေကို ကိုးကား ပြီး REIC က ဆိုပါတယ်။

ရုရှားနိုင်ငံသားတွေက ကွန်ဒို ၁၂၆၀ ခန်းနဲ့ ဒုတိယ၊ မြန်မာနိုင်ငံသားတွေက တတိယနဲ့ အမေရိ ကန်နိုင်ငံသားတွေက စတုတ္ထနေရာ အသီးသီး ရပ်တည်နေတယ်လို့ REIC က ပြောပါတယ်။

ကွန်ဒိုခန်းတစ်ခန်းကို အမြင့်ဆုံးပျှမ်းမျှစျေးနှုန်း ဘတ် ၆ ဒသမ ၆ သန်းနဲ့ ပေးချေခဲ့တာ မြန်မာ နိုင်ငံသားတွေ ဖြစ်တယ်လို့ REIC က ဆိုပါတယ်။

နိုင်ငံခြားသားတွေထံ ရောင်းချခဲ့တဲ့ ကွန်ဒိုတိုက်ခန်းတွေရဲ့ ၄၁ ရာခိုင်နှုန်းခန့်ဟာ အပန်းဖြေမြို့ တော် ပတ္တရားနဲ့ စက်မှုလုပ်ငန်းတွေ အမြောက်အများရှိရာ ချွန်ဘူရီပြည်နယ်မှာဖြစ်ပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ မြန်မာမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံမှာ ကွန်ဒို တိုက်ခန်းတွေ အရောင်းလိုက်လာတာလို့ သိရပါတယ်။

“နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူမှုတွေက တိုးတက်လာနေပြီး ပုံမှန်အခြေအနေကို ပြန်ရောက် နေပါပြီ” လို့ REIC ရဲ့ ခေတ္တ ညွှန်ကြားရေးမှူး ဝီချိုင်းဝီရတ်ကာဖန်က ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ နှေးကွေးသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ဖို့ ဝန်ကြီးချုပ် Srettha Thavisin ဟာ GDP ရဲ့ ၁၂ ရာခိုင်နှုန်းခန့်ရှိပြီး အလုပ်အကိုင်ကဏ္ဍရဲ့ ငါးပုံတစ်ပုံရှိတဲ့ ခရီးသွားလုပ်ငန်း ကို အလေးထားဆောင်ရွက်နေပါတယ်။

တရုတ်ခရီးသွား ၈ ဒသမ ၂ သန်း အပါအဝင် ဒီနှစ်မှာ ကမ္ဘာလှည့်ခရီးသွား ၃၅ သန်းနဲ့ သန်း ၄၀ ကြား ဆွဲဆောင်ဖို့ ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က မျှော်မှန်းနေပါတယ်။

ကိုးကား – Bangkok Post
Ref; Foreign condo sales top pre-Covid level

#Ayeyarwaddy_Times