မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၄ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီ၏ ကာလကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) လုပ်ငန်းလည် ပတ်မှုရပ်တန့်သွားစေရန်အတွက် မြိုင်(ပကဖ)က ယနေ့ ဧပြီ ၄ ရက်နေ့ နံနက်ပိုင်းက ဗုံးသီးပေါင်း ၅၀ ကျော်ကြဲချ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီ ၄ ရက် နံနက် ၅ နာရီခန့်က ပေါက်မြို့နယ်အနောက်ပိုင်းရှိ ချောင်းကူးပင်မ ဓာတ်အားခွဲ လျှပ်စစ်ရုံးနှင့် စစ်ကောင်စီတပ်ကင်းပုန်းတို့ကို မြိုင်ပကဖနှင့် ပေါက်ပကဖတို့က ပူးပေါင်း၍ ရော့ကတ်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချောင်းကူးပင်မ ဓာတ်အားခွဲလျှပ်စစ်ရုံးသည် စစ်ကောင်စီ၏ ကပစ ၂၄ အဓိကလုပ်ငန်းလည်ပတ်စေရန် အရေးပါသည့်လျှပ်စစ်ရုံးဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များ အခြေချတပ်စွဲထားသည့် နေရာလည်းဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် ယင်းရုံးနှင့် စစ်ကောင်စီတပ်ကင်းပုန်းတို့ကို မြိုင်ပကဖနှင့် ပေါက်ပကဖအဖွဲ့တို့က ဒရုန်း လေး စီး ဖြင့် 3 Kg ဗုံးသီး ခြောက် ဖူး၊ 1.8Kg ဗုံးသီး နှစ် ဖူး၊ 800 gm ဗုံးသီး ခြောက် ဖူး၊ 500gm ဗုံးသီး ၂၄ ဖူး၊ ရော့ကတ် ၁၅ ဖူး စုစုပေါင်း ဗုံးသီး ၅၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း မြိုင်ကပဖ က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ပေါက်မြို့ရှိ ကပစ ၂၄ စက်ရုံ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းသွားကြောင်း သိရသည်။

တိုက်ခိုက်မှုအပြီးတွင် ဆူးပုတ်ခုံနှင့် သရက်တောပျူရွာတို့ရှိ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့များက အနီးနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ချောင်းကူကျေးရွာရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲ၍ ဒေသခံ တစ် ဦးသေဆုံးကာ နှစ် ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီ ၂ ရက်နေ့ကလည်း ယင်း ကပစ ၂၄ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါး လုံး၊ ၁၀၀ မမ ဒရော့ဗုံး လေး လုံးတို့ဖြင့် Freedom Revolution Force FRF နှင့်ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သည့် အတွက် စက်ရုံကိုတိုက်ရိုက် ထိမှန်ခဲ့ကြောင်း သိရသည်။

ပုံစာ- ကပစစက်ရုံကို ဓာတ်အားလွှတ်ပေးနေသည့် လျှပ်စစ်ရုံး တိုက်ခိုက်ခံရစဉ်
#မကွေး #ပေါက် #စစ်ကောင်စီ #ကာကွယ်ရေးပစ္စည်းစက်ရုံ #ကပစ၂၄ #လျှပ်စစ်ဓာတ်အားခွဲစက် ရုံ #မြိုင်ပကဖ #ပေါက်ပကဖ #ဗုံးသီးချ #တိုက်ခိုက် #Ayeyarwaddy_Times