
ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
မြန်မာနိုင်ငံတွင်း ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ ဉီးကို နေရပ်ပြန်ခေါ်ဖို့နဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀ ဦးကို ပြန်ပို့မယ့် အစီအမံတွေ လုပ်ဆောင်နေတယ် လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟတ်ဆန်မာမွတ်က ပြောပါတယ်။
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၇ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတယ်လို့ သူက ဧပြီလ ၃ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သတင်းထောက်တွေကို ပြောပါ တယ်။
“မြန်မာစစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆွေးနွေးပြီးတဲ့နောက် သူ့တပ်ဖွဲ့ဝင်တွေကို ပြန် ခေါ်ဖို့ သဘောတူခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
“မြန်မာစစ်ကောင်စီက သူ့တပ်ဖွဲ့ဝင်တွေကို ရေလမ်းကြောင်းကနေ ပြန်ပို့ဖို့ အဆိုပြုခဲ့ပါတယ်။ ကျွန်တော်တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီသီတင်းပတ်အတွင်း ပြန်ပို့လိုပေမယ့် ပင်လယ်ရေပြင် က မငြိမ်တာကြောင့် နောက်အပတ်မှာ ပြန်ပို့သွားပါမယ်” လို့ သူက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ နည်းလမ်းအမျိုးမျိုးနဲ့ ထိန်းသိမ်းခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ ဦးကို ပြန်ခေါ်ဖို့ အဆိုပြုရာမှာ စစ်ကောင်စီက အပြုသဘောဆောင်စွာ တုံ့ပြန်ခဲ့တယ်လို့ သူက ဆက်ပြောပါ တယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ မြန်မာစစ်တပ်ကြား ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိရာ ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးတာတွေ ရှိနေပါတယ်။
ကိုးကား – BSS News
Ref; 180 Myanmar army, BGP men to return home, 170 Bangladeshis to be brought back: Hasan