ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၄ ရက်

တနင်္သာရီ တိုင်း၊ ပုလောမြို့နယ်၊ပုလောအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၂၈၅) ခြေလျင်တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့ကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့( PRDF )ထံကသိရသည်။

ပုလောအခြေစိုက် အမှတ် (၂၈၅ )ခြေလျင်တပ်ရင်းကို ယမန်နေ့ ဧပြီ ၃ ရက် နံနက် ၉ နာရီခန့်က ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်ကောင်စီတပ်ရင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ဆေးရုံ နှင့် လက်နက်ကြီးကွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း PRDF တပ်ဖွဲ့ထံက သိရသည်။

“သူတို့ (စစ်ကောင်စီ) တပ်ရင်း အတွင်းကို ထိထိ မိမိ ကြဲချနိုင်ခဲ့တာပါ။ ကျွန်တော်တို့လိုချင်တဲ့ ပစ်မှတ်ကိုရောက်အောင်လုပ်နိုင်ခဲ့တယ်။တပ်ရင်းထဲက စစ်ဆေးရုံ လည်းထိတယ်။ လက်နက်ကြီး ကွင်းလည်းထိတယ်။ကျွန်တော်တို့ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုကို ယခုထက်ပိုမိုကောင်းမွန်လာအောင်ကြိုးစားနေပါတယ်”ဟု ပုလောဒေသ ကာကွယ်ရတပ်ဖွဲ့ (PRDF) ရဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီ၏ အမှတ်( ၂၈၅) ခြေလျင်တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း PRDF ဘက်မှ ထိခိုက်မှုမရှိကြောင်း တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် က ဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ပုလောမြို့နယ်မှာရှိသည့် အမှတ်(၂၈၅) ခြေလျင် တပ်ရင်း အပါအဝင် စစ်ကောင်စီတပ်ရဲ့ စခန်းပေါင်း ၁၅ ခုကို ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF) မှ ဒရုန်းဖြင့် ဗုံးသီးအလုံး ၈၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။

ပုလောမြို့နယ်တွင် တိုက်ပွဲများပိုမို ပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်၊ စစ်ကောင်စီယာဥ်တန်းနောက် ကပ်မလိုက်ရန်၊ ဗုံးခိုကျင်းများ တူးထားရန် ပုလောဒေသကာကွယ် ရေးတပ်ဖွဲ့ (PRDF) က မေတ္တာရပ်ခံ ထားသည်။

ဓာတ်ပုံ-PRDF
#ပုလော #ခလရ၂၈၅တပ်ရင်း #PRDF #ဒရုန်း #ဗုံးသီး၃လုံး #တိုက်ခိုက် #Ayeyarwaddy_Times