
ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ကျွန်းလျားကြီး ကျေးရွာအုပ်စု၊တောင်ထန်း ကျေးရွာရှိအောက်ပုတ်သင်ချောင်းတွင် ဆင်မုဆိုးများပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည့် တောဆင်ရိုင်းတစ်ကောင်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
တောဆင်ရိုင်းမှာ မတ်လ၂၉ရက်နေ့တွင် အောက်ပုတ်သင်ချောင်းအနီးတွင်လည်ဂုတ်ဖောက်၀င်ဒဏ်ရာတစ်ချက်နှင့် လဲကျနေခြင်းဖြစ်ပြီး သစ်တောဥိီးစီးဌာနမှ ဆင်ကုသရေးဆရာ၀န်များကုသသော်လည်း အဆိပ်သင့်ခြင်းကြောင့် ငါးရက်အကြာ ဧပြီ ၂ ရက်နေ့တွင် သေဆုံးသွားကြောင်း သစ်တောဦးစီးဌာန နှင့်နီးစပ်သူများထံမှသိရသည်။
” ဆင်ရဲ့ယာဘက်လည်ဂုတ်မှာ ဒဏ်ရာတစ်ချက်တွေ့တယ် သွေးထဲမှာလဲ အဆိပ်သင့်ပြီး ဒဏ်ရာကလဲ ပိုး၀င်ပြီးသေဆုံးသွားတာ။ တစ်နေရာမှာဆင်မုဆိုးတွေအဆိပ်လူးမြှားနဲ့ပစ်လိုက်ပုံရတယ်”ဟုပုသိမ်ခရိုင် သစ်တောဦးစီးဌာန၀န်ထမ်းတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
သေဆုံးသွားသော ဆင်မှာအထီးဖြစ်ပြီးအသက်၂၈နှစ်အရွယ်အမြင့် ၇ပေ၆လက်မရှိကာ ဆင်မုဆိုးများ၏ ပစ်ခတ်ခံရပြီး ထွက်ပြေးလာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
သေဆုံးသွားသော တောဆင်ရိုင်းကို
သစ်တော ဦးစီး တာ၀န်ရှိသူများမှ စစ်ဆေးခဲ့ပြီး နောက် မီးရိူ့ ဖျက်စီးလိုက်ကြောင်းသိရသည်။ ဇီဝမျိုးစုံ မျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ၊၄၁(က)ဖြင့် သာပေါင်းမြို့နယ်
ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။
ဧရာ၀တီတိုင်း ပုသိမ်ခရိုင်တွင် ၂၀၂၄ခုနှစ်အတွင်း တိတိယအကြိမ်တောဆင်ရိုင်းအသတ်ခံရခြင်းဖြစ်ပြီးဇန်နဝါရီလ ၂၃ရက်နေ့နှင့်မတ်လ၈ရက်နေ့များတွင် လည်းစွယ်စုံဆင်ထီးနှစ်ကောင်အသတ်ခံခဲ့ရကာ နှာမောင်းနှင့်အစွယ်များဖြတ်ယူခံခဲ့ရသည်။
ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်။
#ပုသိမ်ခရိုင် #သာပေါင်းမြို့နယ် #ဆင်မုဆိုး #တောဆင်ရိုင်း #Ayeyarwaddy_Times