ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ကျေးရွာများအထိဆင်းကာ ဆိုင်ကယ် များဖမ်းဆီနေပြီး ရုံးမတင်ပဲ ဒဏ်ရိုက်ယူနေ ကြောင်း ဒေသခံများထံမှသိရသည်။

ကျောင်းကုန်းမြို့နယ်တွင်းရှိ အိမ်မဲ – ကျောင်ကုန်းလမ်း တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ကျေးရွာများအထိဆင်းကာ ဆိုင်ကယ် ဦးထုတ်နှင့် လိုင်စင်များအား စစ်ဆေးဖမ်းဆီနေပြီး တရားရုံးတင်ခြင်း ချလံဖြတ်ခြင်းမျိုးမရှိပဲ ဒဏ်ငွေရိုက်ကာ ခွဲဝေယူနေကြကြောင်းဒေသခံများက ပြောသည်။

“အရင် သုံးလလောက်က ဒီဘက်မှာ နေတိုင်းဖမ်းတယ် နောက်ပိုင်ဖမ်းတာမရှိတော့ဘူး ။ အခုရက်မှာ ဒီကောင်တွေပြန်ဖမ်းနေကြတယ် ။ ဦးထုပ်ဆောင်းတဲ့သူကိုလည်း ယာဥ်လိုင်စင် ၊ မောင်းလိုင်စင်ဖမ်းတယ်” ဟု ကျောင်းကုန်းမြို့နယ် ကျားကိုက်ချောင်းကျေးရွာအနီးရှိဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရဲများမှ ဆိုင်
ကယ်များအား ဖမ်းဆ်ီပြီးနောက် ဒဏ်ငွေသုံးသောင်းမှ ငါးသောင်းကျော်အထိ တောင်းယူနေပြီး ချလံဖြတ်ပေးခြင်းမျိုးလည်းမရှိကြောင်း သိရသည်။

“ဒီကောင်တွေက ဖမ်းလိုက်တယ်ပြီးရင် ဦးထုပ်ကို တစ်ယောက်မပါရင် သုံးသောင်းခွဲဒဏ်ရိုက်တယ် ။ ချလံပေးဆိုတော့ တရားရုံးသွားယူတို့ အထက်ကခိုင်းလို့လုပ်နေတာတို့နဲ့ပြောတယ် ။ ကျနော်လယ်မှာသုံးဖို့ ပိုးသတ်ဆေးသွားဝယ်တာ တစ်ရက်တည်း နှစ်ခါအဖမ်းခံရတယ် ။ မင်းမနိုင်မှာတစ်ခါ မြို့ထဲမှာတစ်ခါ ဖမ်းပြီးလို့ဒဏ်ငွေဆောင်ပြီးပါပြီဆိုတာတောင်မရဘူး ” ဟု ကျောင်းကုန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်က်ို ပြောသည်။

စီမံချက်ဖြင့်ဖမ်းဆီးခိုင်းသည်ဟုဆိုကာ ရဲ တပ်ဖွဲ့မှ ဆိုင်ကယ်နှင့် ထော်လာဂျီများအား ဖမ်းဆီကာ ငွေတောင်းခံနေကြခြင်း ဖြစ်ကြောင်း ဒေသခံပြည်သူများကဆိုသည်။

#ရဲတပ်ဖွဲ့ #ကျေးရွာများအထိဆင်းကာ #ဆိုင်ကယ်များဖမ်းပြီး #ရုံးမတင်ပဲ #ဒဏ်ရိုက်ယူနေ #Ayeyarwaddy_Times