
ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့ရှိ အကျဥ်းထောင်တွင် မတ်လ ၃၁ရက်နေ့ ညနေပိုင်းက ထောင်ဆူပူမှုဖြစ်ပွားပြီး ရဲနှင့်စစ်တပ်က ၀င်ရောက် ပစ်ခတ် နှိမ်နှင်းခဲ့သောကြောင့် အကျဥ်းသား၂၀ခန့်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖျာပုံထောင်မှ အကျဥ်းဦးစီးအရာရှိတစ်ဦး နှင့် ထောင်သားများ စကားများရာမှ ထိုးကြိတ်ကြပြီး ထောင်ဆူပူမှုဖြစ်ပွားခဲ့ကာ အဆိုပါ ပြသနာတွင် နိုင်ငံရေးအကျဥ်းသားများ ပါ၀င်ခြင်းရှိမရှိကို မသိသေးကြောင်း တိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
“ထောင်၀န်ထမ်းတစ်ဦး အချွန်နဲ့အထိုးခံရလို့ ပြင်းထန်ဒဏ်ရာရသွားတယ် ထောင်သားတွေက ပိုများလာလို့ စစ်တပ်နဲ့ရဲကို ခေါ်ပြီး ထိမ်းလိုက်ရတာလို့ပဲ သိရှိရတယ်။ အားလုံးကိုအကျဥ်းသားလို့ပဲသတ်မှတ်ထားတော့ နိုင်ကျဥ်းတွေပါမပါ မသိဘူး”ဟု ဧရာ၀တီတိုင်း ရဲတပ်ဖွဲ့နှင့်နိီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ထောင်ဆူပူမှုဖြစ်ပွားရာသို့ ဖျာပုံမြို့ရှိ
ရဲနှင့်စစ်ကောင်စီတပ်သားများက ကားဖြင့်၀င်ရောက်သွားပြီး ပစ်ခတ်ရိုက်နှက် မှုကြောင့် အကျဥ်းသား ၂၀ခန့် ထိခိုက်ဒဏရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
လက်ရှိ ဒဏ်ရာရ နေသူများကိုထောင်တွင်းဆူပူမှု တွင် ပါ၀င်သူများဟု စွတ်စွဲကာ ဧပြီလ ၁ရက်နေ့တွင် ထောင်တွင်းတရားရုံးမှ ပုဒ်မတပ်ကာ တရားထပ်မံစွဲဆိုလိုက်ပြီး လက်ရှိအချိန်ထိဖျာပုံထောင်တွင် စစ်ကောင်စီတပ်သားများ ရှိနေကာ ထောင်၀င်စာပေးပို့ခြင်းကိုလည်း ရပ်ဆိုင်းထားကြောင်း သိရှိရသည်။
#ဖျာပုံမြို့ #အကျဥ်းထောင် #ဖျာပုံထောင် #ရဲနှင့်စစ်တပ် #၀င်ရောက်ပစ်ခတ် #နှိမ်နှင်း #အကျဉ်းသား၂၀ခန့်ဒဏ်ရာရ #Ayeyarwaddy_Times