
ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်ကောင်စီကြား တိုက်ပွဲတွေ ပြင်းထန်လျက်ရှိ ရာ မြန်မာနယ်စပ်အနီး တရုတ်နိုင်ငံက ကျည်အစစ်နဲ့စစ်ရေးမှုတွေ ဆက်တိုက်ပြုလုပ်တော့မယ်လို့ သိရ ပါတယ်။
ဇန်နဝါရီလအတွင်း နယ်စပ်ရှိ Nansan မြို့မှာ မြန်မာနိုင်ငံဘက်မှပစ်ခတ်တဲ့ လက်နက်ကြီးကျည် တွေ ကျရောက်တာကြောင့် လူငါးဦး ဒဏ်ရာရရှိပြီးနောက် နယ်စပ်ဖြတ်ကျော် တည်ငြိမ်မှုနဲ့ပတ်သက်လို့ စိုးရိမ်မိကြောင်း တရုတ်နိုင်ငံက မကြာခဏဆိုသလို ထုတ်ဖော်ပြောခဲ့ပြီး ကန့်ကွက်ခဲ့ပါတယ်။
ကျည်အစစ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ စီရင်စုနှစ်ခုမှာ ဧ ပြီလ ၂ ရက်မှ ၃ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်မယ်လို့ ယူနန်ပြည်နယ် တယ်ဟုန်တိုင်နဲ့ ကျင်ပို ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုကာလအတွင်း နယ်စပ်ဒေသရှိ Yingjiang နဲ့ Longchuan စီရင်စုရှိ သတ်မှတ် ဧရိယာ ၅ ခုအတွင်း ပြည်သူတွေကို ဝင်ရောက်ခွင့်မပြုသလို ဓာတ်ပုံရိုက်ကူးခွင့် သို့မဟုတ် ဒရုန်းပျံသန်း ခွင့် မပြုဘူးလို့ သိရပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့က တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေ သမှာ စစ်ကောင်စီအပေါ် ထိုးစစ်ဆင်မှုပြုလုပ်ခဲ့ပြီး သီတင်းပတ်များစွာအကြာ နိုဝင်ဘာလအတွင်း တ ရုတ်စစ်တပ်က နယ်စပ်မှာ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
တရုတ်နိုင်ငံဟာ အာဏာသိမ်းမှုနောက်ပိုင်း မကြုံစဖူး စစ်ရေးအရ ရှုံးနိမ့်မှုကြုံတွေ့နေရတဲ့ စစ် ကောင်စီနဲ့ ဆက်ဆံရေး ထိန်းသိမ်းကာ အဓိက စိုးရိမ်စရာကိစ္စတစ်ခုဖြစ်တဲ့ ကျားဖြန့်လုပ်ငန်းတွေ တိုက် ဖျက်ဖို့ လက်တွဲလုပ်ဆောင်ခဲ့ပါတယ်။
တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sun Weidong ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နယ်စပ်လုံခြုံရေး၊ ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေး ဆွေးနွေးဖို့ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ သွား ရောက်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ရှမ်းပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေးရရှိဖို့ ဖျန်ဖြေဖို့ကြိုးပမ်းနေပေမယ့် ဇန်န ဝါရီလအတွင်း သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ၂၄ နာရီအတွင်း ကျိုးပျက်ခဲ့ပါတယ်။
ကိုးကား – South China Morning Post
Ref; China’s military to hold live-fire exercise on Myanmar border as fighting continues