ဧရာတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂ ရက်

တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီခြေမြန်တပ်ရင်းနှစ်ခုကို ဒရုန်းဖြင့် ဗုံးသီး ရှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၁) ထံက သိရသည်။

အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇) တပ်ရင်းနှင့် ကမ်းမလိုင်းရွာ အခြေစိုက် ခမရ (၅၅၈) တပ်ရင်းတို့ကို ပြီးခဲ့သည့် မတ်လ ၃၀ ရက် ည ၁၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ၏ (ADF) ဒရုန်းအဖွဲ့က ဗုံးကြဲတို က်ခိုက်ခဲ့ပြီး မတ်လ ၃၁ ရက် နံနက် ၄ နာရီတွင်မှ တိုက်ခိုက်မှုရပ်နားခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့တာဝန်ရှိသူထံက သိရသည်။

“အဲဒီနေ့က ကျွန်တော် တို့ ညလုံးပေါက် ဗုံးကြဲပြီးတိုက်ခိုက်ခဲ့တာပါ။ ည ၁၁ နာရီက နေပြီး နံနက် ၄ နာရီအထိ တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် နေစဥ်အတွင်းမှာပဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပြီး ပြန်လည် ပစ်ခတ်တာတွေရှိတယ်။ လက်နက်ကြီးနဲ့ပြန်ပစ်တာ ငါးချက်လောက် ရှိတယ်” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ၏ တာဝန်ရှိသူက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက် က အဆောက်အအုံအချို့ ထိခိုက်ပျက်စီး မှုများရှိခဲ့ပြီး သေဆုံးမှု နှင့် ထိခိုက်မှုအခြေအနေနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်များဘက်မှ အထိအခိုက် မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁)
#တနင်္သာရီ #စစ်ကောင်စီတပ်ရင်း၂ခု #ဒရုန်း #ဗုံး၈လုံးကြဲချ #တိုက်ခိုက် #Ayeyarwaddy_Times