ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်

မြန်မာရဲတပ်ဖွဲ့ဟာ မတ်လ ၃၁ ရက်က အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်သူလို့ သံသ ယရှိသူ ၃၅၂ ဉီးကို တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ယနေ့ ပြော ကြားလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ တရုတ်-မြန်မာရဲတပ်ဖွဲ့တွေကြား ပထမဆုံးအကြိမ် တ ရားဉပဒေစိုးမိုးမှု စစ်ဆင်ရေးတစ်ခုအတွင်း နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုမှာ ပါဝင်တဲ့သံသယရှိ သူ ၈၀၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

၈၀၇ ဦးအနက် တရုတ်နိုင်ငံသား ၃၅၂ ဉီး ပါဝင်ပြီး ၄၅၅ ဦးက မြန်မာနိုင်ငံသားတွေဖြစ်ကာ ၎င်း တို့ကို မြန်မာရဲတပ်ဖွဲ့က ကိုင်တွယ်ခဲ့တယ်လို့ သိရပါတယ်။

သံသယရှိသူအားလုံးနဲ့ အထောက်အထားတွေကို တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည် နယ်၊ ရွှေလီနယ်စပ်ဖြတ်ကျော်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။

သံသယရှိသူတွေအနက် ၂၁ ဦးဟာ ရာဇဝတ်ဂိုဏ်း ကြိုးကိုင်သူတွေ၊ စီစဉ်သူတွေ၊ အရေးပါသော အဖွဲ့ဝင်တွေနဲ့ တရားခံပြေးတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်နောက်ပိုင်း မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွင်းရာမှာ စုစုပေါင်း သံသယရှိသူ ၄၈၀၀၀ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို ထိရောက်စွာ ဖြိုခွင်းဖို့၊ သက်ဆိုင်ရာတိုင်းပြည်တွေနဲ့ နယ်စပ်ဖြတ် ကျော် တရားဉပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးကို ကာ ကွယ်စောင့်ရှောက်ဖို့ တရုတ် အာဏာပိုင်တွေက ကတိပြုထားပါတယ်။

ကိုးကား – CGTN
Ref; Myanmar police hand over 352 telecom fraud suspects to China

#Ayeyarwaddy_Times