ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်

ရုရှားကျူးကျော်မှု ၃ နှစ်တာကာလ ရောက်ရှိလာပြီဖြစ်တဲ့ ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူ အညီသစ်အဖြစ် ပြင်သစ်နိုင်ငံဟာ လာမယ့်နှစ်မှစတင်ကာ ယူကရိန်းသို့ ရာနဲ့ချီတဲ့ သံချပ်ကာယာဉ်တွေ ပေးပို့မယ်လို့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး Sebastien Lecornu က ပြောပါတယ်။

ယူကရိန်းစစ်တပ်ဟာ ပြင်သစ်နိုင်ငံထုတ် သံချပ်ကာယာဉ်တွေ လိုအပ်ပြီး တပ်ဖွဲ့တွေ ရွေ့လျား နိုင်ဖို့အတွက် သံချပ်ကာယာဉ်တွေက အရေးကြီးတယ်လို့ တနင်္ဂနွေနေ့ထုတ် La Tribune သတင်းစာနဲ့ အင်တာဗျူးတစ်ခုမှာ သူက ပြောပါတယ်။

ပြင်သစ်စစ်တပ်ဟာ လက်ရှိမှာ ၁၉၇၉ ခုနှစ်မှာ စတင်အသုံးပြုခဲ့တဲ့ VAB သံချပ်ကာယာဉ်တွေရဲ့ နေရာမှာ မျိုးဆက်သစ် သံချပ်ကာယာဉ်တွေနဲ့ အစားထိုးနေပါတယ်။

“ဒီသံချပ်ကာယာဉ်အဟောင်းတွေကို ယူကရိန်းကို တိုက်ရိုက် ပမာဏအများအပြား ပေးပို့နေပါ တယ်။ ဒီနှစ်နဲ့ လာမယ့်နှစ်မှာ ရာနဲ့ချီတဲ့ သံချပ်ကာယာဉ်တွေ ယူကရိန်းသို့ ပေးပို့ဖို့ ကျွန်တော်တို့ ဆွေး နွေးနေပါတယ်” လို့ သူက ဆိုပါတယ်။

ပြင်သစ်နိုင်ငံက ယူကရိန်းစစ်တပ်သို့ လေယာဉ်ဖျက်ဒုံးကျည်တွေ ထပ်မံ ပေးပို့မယ်လို့ သူက က တိပြုပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ခဲယမ်းမီးကျောက် အရေးတကြီး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ပြင်သစ်အ စိုးရက ထုတ်လုပ်မှုတိုးမြှင့်ဖို့ စစ်လက်နက်လုပ်ငန်းတွေကို တွန်းအားပေးနေချိန်မှာ သံချပ်ကာယာဉ်တွေ ပေးပို့ဖို့ စီစဉ်တာပါ။

ပြင်သစ်နိုင်ငံဟာ မကြာမီ ယူကရိန်းသို့ ဟောင်ဝှစ်ဇာအမြောက် ၇၈ လက် ပေးပို့နိုင်မှာဖြစ်ပြီး လက်နက်ကြီးကျည်ပေးပို့မှု တိုးမြှင့်မယ်လို့ Sebastien Lecornu က ဆိုပါတယ်။

ကိုးကား – AP
Ref; France to deliver hundreds of armored vehicles to Ukraine, defense minister says

#Ayeyarwaddy_Times