
ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
ရက္ခိုင့်တပ်တော် (AA) နဲ့ မြန်မာစစ်တပ်ကြား ပြင်းထန်သော တိုက်ပွဲတွေဖြစ်ပွားနေစဉ် နောက် ထပ် စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင်သုံးဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်ရောက်ခဲ့တယ်လို့ သိရပါ တယ်။
စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင်သုံးဦးဟာ မတ်လ ၃၀ ရက် အစောပိုင်းက Naikhonchhari Upazila ခရိုင်၊ Tamru နယ်စပ်ဂိတ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို လက်နက်ဖြုတ်သိမ်းကာ ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့ (BGB) လက်အောက်ရှိ Tamru နယ်စပ်ကင်းစခန်းသို့ ပို့ဆောင်ခဲ့ပါတယ်။
ဘန်ဒါဘန် ခရိုင်အုပ်ချုပ်ရေးမှူး ရှားမူဂျာဟစ်အူဒင်က မြန်မာစစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ သုံးဉီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာတာကို အတည်ပြုခဲ့ပါတယ်။
အစောပိုင်းကလည်း မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၇ ဦးဟာ တိုက်ပွဲကနေ ထွက်ပြေးကာ ဘန်ဒါဘန်ခရိုင်ထဲမှာ ခိုလှုံခဲ့ပါသေးတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကနေ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ ဝင်ရောက်မှုရှိတာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်မှာ လုံခြုံရေး တပ်လှုန့်ထားပြီး ပြည်သူတွေ သတိဝီရိယနဲ့နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
ကိုးကား – BSS News
Ref; Three more border guard police of Myanmar enter into Bangladesh