ဧရာဝတီတိုင်းမ်
သြဂုတ်လ ၄ ရက်

အာဆီယံနိုင်ငံတွေနဲ့ သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်တစ်ခု ဖော်ဆောင်ဖို့ မြန်မာစစ်ကောင်စီမှာ ကတိကဝတ် သို့မဟုတ် စိတ်စေတနာကောင်း မတွေ့ရဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူ ဒီက ပြောကြားလိုက်ပါတယ်။

ဒီသီတင်းပတ်အတွင်း နိုင်ငံတကာ အစည်းအဝေးတစ်ခု ပြုလုပ်နေတဲ့ အာဆီယံအဖွဲ့က ပြီးခဲ့တဲ့နှစ်အ တွင်း သဘောတူထားတဲ့ ငြိမ်းချမ်းရေး ဘုံသဘောတူညီချက်တစ်ရပ်ကိုလိုက်နာဖို့ မြန်မာနိုင်ငံကို တွန်းအားပေးခဲ့ ပါတယ်။

မြန်မာစစ်ကောင်စီက ကတိကဝတ်တွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တယ်လို့ ရုပ်သံဖိုင် ထုတ်ပြန်ချက် တစ်ခုအတွင်း မာဆူဒီက ပြောကြားခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကို စဉ်းစားချင့်ချိန်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အစည်းအဝေးအတွင်း ပူး တွဲ ထုတ်ပြန်ချက်တစ်ရပ်နဲ့ တွန်းအားပေးဖို့ သဘောတူခဲ့တယ်လို့ သူက ဆိုပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ဖို့ ကတိပျက်ကွက်တဲ့ စစ်ကောင် စီရဲ့လုပ်ရပ်က စိတ်ပျက်စရာလို့ ၄င်းက ဆိုပါတယ်။

အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်လိုမျိုး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ရွေးကောက်ခံ လူထု ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချကာ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ် ကောင် စီကို အစဉ်တစ်စိုက် ပြစ်တင်ရှုတ်ချလေ့ရှိပါတယ်။

Photo – လူမှုကွန်ယက်
ကိုးကား – Asia One
Ref; No goodwill yet from Myanmar junta to implement Asean peace plan: Indonesia foreign minister