အောင်မြသန်း /ဧရာဝတီတိုင်းမ်
(မအူပင်) /သြဂုတ်လ ၃ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အတွင်း မြို့အဝင်အထွက်ကားလမ်းများနှင့် ရေကြောင်းလမ်းများကိုပါ စစ်ကောင် စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ ရဲများ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကပါ ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

မအူပင်မြို့ယခင်စစ်ဆေးရေးဂိတ်များအပြင် ရန်ကုန် – မအူပင်တွံတေးကားလမ်းမကြီးပေါ်ရှိ လကျ်ားကြီးကျေး ရွာ တံတားအောက်က မိုးမခချောင်းတလျှောက် ပိတ်ဆို့ စစ်ဆေးနေခြင်းဖြစ်ကြောင်းသိရသည်။

”ဒီရက်ထဲပိုဆိုးတယ်ဗျ။ မအူပင်မြို့နယ်ကားလမ်း အဝင် အထွက်တင် မဟုတ်ပဲမြစ်ကြောင်းတွေ ချောင်းမြောင်းတွေက အစ စစ်ဆေးနေတာ။ အရင်ကအဲ့ဒီနေရာတွေစစ်တာမရှိဘူး။ ဘာသတင်းရလို့စစ်ဆေးနေလည်းတော့ မသိဘူး။ စက်လှေအသေးလေးတွေကအစစက်လှေအကြီးတွေ ကုန်တင်သင်္ဘောတွေကိုပါစစ်ဆေးနေတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင်လည်း မအူပင်မြို့ကို စစ်အင်အားဖြည့်တင်းမှုများရှိနေပြီး ​မြို့ပေါ်ရပ်ကွက်များကိုလည်း ရှေ့တန်းစစ်မြေပြင်စစ် ကြောင်းပုံစံဖြင့်ကင်းပတ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။