ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ ရက်

ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် မချမှတ်မီအချိန်ထက် လက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေက ပိုဆိုးလာနေပြီး နိုင်ငံရေးအကျဉ်းသားလေးဦးကို ကြိုးပေးကွက်မျက်တာ အကျပ်အတည်းကို ပိုဆိုးလာစေခဲ့တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်က ပြောကြားလိုက်ပါတယ်။

“နိုင်ငံရေးဆွေးနွေးမှု၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် သေဒဏ်တွေကို ပြန်လည်စဉ်း စားဖို့ ကျွန်တော်နဲ့ အခြားသူတွေရဲ့ မေတ္တာရပ်ခံချက်တွေရှိပေမယ့် စစ်ကောင်စီက အတိုက်အခံ တက်ကြွလှုပ်ရှား သူတွေကို ကြိုးပေးကွက်မျက်တာနဲ့ပတ်သက်လို့ ကမ္ဘောဒီးယားနဲ့ အာဆီယံနိုင်ငံတွေက အလွန်အမင်း စိတ်ပျက် ရပါတယ်” လို့ ဒီနေ့ ဖနောင်ပင်မြို့တော်မှာပြု လုပ်တဲ့ ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အ စည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဟွန်ဆမ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှုအပြင် အာဆီယံ ဘုံသဘောတူညီချက်ကို ဖော် ဆောင်ရာမှာ အနည်းငယ်သာ အောင်မြင်မှုရှိခဲ့တယ်လို့ ဟွန်ဆမ်က ဆိုပါတယ်။

“အကျဉ်းသားတွေကို ထပ်မံ ကွက်မျက်မယ်ဆိုရင် အာဆီယံ ဘုံသဘောတူညီချက်ရဲ့အခန်းကဏ္ဍကို ပြန်လည်သုံး သပ်ဖို့ ကျွန်တော်တို့ကို ဖိအားပေးလာပါလိမ့်မယ်” လို့ သူက ပြောပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဌအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံက အဖွဲ့အစည်းအားလုံး လက်သင့်ခံသော အ ဖြေတစ်ခုရှာဖွေဖို့ ဆက်လက်လုပ်ဆောင်မယ်လို့ ၄င်းက ဆိုပါတယ်။

“အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကို အထိအခိုက်မခံဘဲ အဖွဲ့အစည်းအားလုံး လက်သင့်ခံတဲ့ အဖြေ တစ်ခုရှာဖို့ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်မယ်” လို့ ဟွန်ဆမ်က ပြောပါတယ်။

Photo – ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံး။
ကိုးကား – The Phnom Penh Post
Ref; Hun Sen: ASEAN 5PC achieves little in Myanmar