ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

မြန်မာပြည်တွင်းပဋိပက္ခ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် Srettha Thavisin က အမေရိကန်၊ တရုတ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ FRANCE 24 သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီလနှောင်းပိုင်းက အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ တရုတ်နိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိတို့ ထိုင်းနိုင်ငံမှာ သီးသန့်တွေ့ဆုံအပြီးမှာ Srettha Thavisin က နှစ်ဉီးစလုံးနဲ့ သီး ခြားစီ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံအရေးကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံကို မြန်မာ့အရေးမှာ ကြားခံကူညီပေးဖို့ တောင်းဆိုခဲ့တာလို့ ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင် မြို့မှာ လုပ်ခဲ့တဲ့ France 24 သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ၎င်းက အခုလို ပြောကြားခဲ့တာပါ။

နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအ ညီတွေ ပေးနိုင်ဖို့ကိုလည်း လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

ဘက်မလိုက်ကြားနေနိုင်ငံအနေနဲ့ တောက်လောင်နေတဲ့ မြန်မာပြည်တွင်းစစ်မီးကို အရှိန်မမြှင့်စေဖို့ ထိုင်းနိုင်ငံက တတ်နိုင်သမျှ ကူညီနိုင်မယ်ဆိုတာကို နိုင်ငံအများစုက သဘောတူတယ်လို့ ယူဆထား ကြောင်း Srettha Thavisin က ပြောပါတယ်။

လက်ရှိမှာ မြန်မာ့ပဋိပက္ခဟာ ပြည်တွင်းစစ် အပြည့်အဝဖြစ်တဲ့အဆင့် မရောက်သေးဘူးလို့ သူက ဆက် ပြောပါတယ်။

“ကျွန်တော်တို့ ဆွေးနွေးသင့်တဲ့ ပထမဆုံးစကားလုံးကတော့ လူသားချင်းစာနာထောက်ထားမှု အကူအ ညီပဲဖြစ်ပါတယ်။ “အကူအညီလိုတဲ့သူတွေကို ကူညီရမယ်” လို့ ၎င်းက ပြောပါတယ်။

မြန်မာနဲ့ကမ္ဘောဒီးယားမှ ပြည်ပလုပ်သားအင်အားကြောင့် ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းက ၁ ရာခိုင်နှုန်းထက် နည်းနေချိန် ထိုင်းနိုင်ငံမှာ မြန်မာဘက်မှ ထွက်ပြေးလာတဲ့ ထောင်ချီတဲ့ဒုက္ခသည်တွေ ရောက်ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။

ကိုးကား – France 24
Ref; Thai PM Srettha Thavisin believes in a ‘more democratic’ future for Thailand

#Ayeyarwaddy_Times