
မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၁ ရက်
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ စခန်းမှူး သင်တန်းတက်ရန်သွားသည့် ဒုရဲမှူးတစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၃၀ ရက်နေ့ နံနက်အစောပိုင်းတွင် မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၂၈၂/၂ အနီး ကားရပ်နားချိန်တွင် အဆိုပါဒုရဲမှူးသည် လမ်းဖြတ်ကူးရာမှ ခရီးသည် တင်ကား တိုက်ခံရပြီးသေဆုံးခြင်းဖြစ်ကြောင်း လူမှုကူညီရေးအဖွဲ့ထံက သိရသည်။
“ယာဉ်ရပ်နားစဉ်မှာ သူကအပေါ့သွားဖို့ လမ်းဖြတ်ကူးရာတာ။ ရန်ကုန်ဘက်က မောင်းလာတဲ့ကားက ၀င်တိုက်မိပြီး ဘေးကိုလွင့်သွားတယ်။ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရတယ်။ သူကစခန်းမှူးသင် တန်းသွားတက်မှာလို့လည်း သိရတယ်” ဟု လူမှုကူညီရေးအဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကားတိုက်ခံရပြီးသေဆုံးသည့် ဒုရဲမှူးသည် အသက် ၅၀ နှစ်အရွယ် ကိုကျော်စိုးမိုးဖြစ်ပြီး သံဖြူဇရပ်မြို့နယ်မှ ဒုရဲမှူးတာ၀န်ထမ်းဆောင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုရဲမှူးသည် မတ် ၃၀ ရက်နေ့က မန္တလေးရှိ စခန်းမှူးသင်တန်းကို တက်ရောက်ရန် လာစဉ် ကားရပ်နားချိန်၌ တစ်ဖက်သို့ လမ်းဖြတ်ကူးရာတွင် ကားတိုက်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဒုရဲမှူး ၀င်တိုက်ခဲ့သည့် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူသည် အခင်းဖြစ်ပွားနေရာတွင် တိမ်းရှောင်ထွက်ပြေးသွားသဖြင့် ဖမ်းဆီးရမိခြင်းမရှိသေး ကြောင်း သိရသည်။
ကာတိုက်ခံရ၍ သေဆုံးသွားသည့် ဒုရဲမှူး၏ အလောင်းကိုမူ အခင်းဖြစ်ပွားသည့် နေ့ကတည်းက မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ သယ် ဆောင်သွားကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့ကလည်း တပ်မတော်နေ့အတွက် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ကြပ်သန်းလှိုင်ကို ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ခရီးသည်တင်ယာဉ်တစ်စီးက ၀င်တိုက်မိ၍ သေဆုံးသွားခဲ့သည်။
ပုံစာ-ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ပုံဟောင်း)
#ရန်ကုန်မန္တလေး #အမြန်လမ်း #ဒုရဲမှူး #ကားတိုက် #သေဆုံး #Ayeyarwaddy_Times