ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်

ထိုင်းနိုင်ငံအရှေ့ပိုင်း Pluak Daeng ခရိုင်က လုပ်ငန်းခွင်တစ်ခုမှာ ဝန်ချီစက်တစ်ခုပြိုကျမှု ကြောင့် သေဆုံးခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သားတွေရဲ့ မိသားစုဝင်တွေကို လျော်ကြေးငွေ ဘတ် ၁ ဒသမ ၆ သန်းစီ ပေးမယ်လို့ သိရပါတယ်။

နာရီပေါင်းများစွာကြာအောင် ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် စနေနေ့က ကယ်ဆယ်ရေးလုပ် သားတွေကို အခင်းဖြစ်ရာနေရာက သေဆုံးသူ အလုပ်သမား ၇ ဉီးရဲ့ အလောင်းတွေကို ပြန်ထုတ်ယူခွင့် ပြုခဲ့ပါတယ်။

သောကြာနေ့ ညနေ ၅ နာရီက စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဝန်ချီစက်တစ်လုံး ပြိုကျခဲ့ရာ မြန်မာနိုင်ငံသား ၆ ဉီးနဲ့ တရုတ်နိုင်ငံသားတစ်ဉီး သေဆုံးကာ မြန်မာနိုင်ငံသားတစ်ဉီး ဒဏ်ရာ ရရှိခဲ့ပါတယ်။

အခင်းဖြစ်ပွားပြီးနောက် ကုမ္ပဏီက သေဆုံးသူတစ်ဦးအတွက် လျော်ကြေးငွေ ဘတ် ၅ သန်းစီ မပေးသရွေ့ အလောင်းတွေကို ပြန်ထုတ်ယူခွင့်မပြုဖို့ ရာနဲ့ချီတဲ့ အလုပ်သမားတွေက ငြင်းဆန်ခဲ့ပါတယ်။

ဒေသခံအမတ်တွေ၊ ခရိုင်အကြီးအကဲ၊ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ စက်ရုံစီမံခန့်ခွဲရေးက သောကြာနေ့မှာ တွေ့ဆုံကာ ကနဉီး ဘတ် ၂ သန်းစီ လျော်ကြေးပေးဖို့ အဆိုပြုခဲ့ပါတယ်။

သို့သော်လည်း စက်ရုံစီမံခန့်ခွဲရေးက လျော်ကြေးငွေ အဆိုပြုချက်ကို ငြင်းဆန်ခဲ့တယ်လို့ ရာ ယောင်းအမတ် ချူတီဖောင်က ပြောပါတယ်။

မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ကိုယ်စားလှယ်တွေ နောက်ပိုင်းမှာ ရောက်ရှိလာပြီး သေဆုံးသူတွေရဲ့ မိသားစုတွေကို ဘတ် ၁ ဒသမ ၆ သန်းစီ ပေးဖို့၊ ကနဉီးအဖြစ် ဘတ် ၅၀၀၀၀၀ စီပေးပြီး ကျန်ရှိသော လျော်ကြေးငွေကို သုံးလအတွင်းပေးဖို့ သဘောတူခဲ့တယ်လို့ ၎င်းက ဆို ပါတယ်။

သဘောတူညီချက်ကို အလုပ်သမားတွေထံ အကြောင်းကြားပြီးမှသာ Pluak Daeng ဆေးရုံမှာ ဆေးမှတ်တမ်းယူဖို့ ကယ်ဆယ်ရေးယာဉ်တွေကို အလုပ်သမားတွေက ပြန်ထုတ်ယူခွင့်ပြုခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Families of Myanmar crane collapse victims agree B1.6m compensation

#Ayeyarwaddy_Times