
နွေဦးမောင် /ဧရာဝတီတိုင်းမ်
မတ် ၃၁ရက်
ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လေးကေ့ကော်မြို့သစ်ရှိ ဆည်းဆာကုန်း ခေါ် ရေကန်ကုန်းအား KNU/KNLA/PDF တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ မတ် ၃၁ ရက်နေ့ ၊ နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ဆည်းဆာကုန်းခေါ် ရေကန်ကုန်းသည် စစ်ကောင်စီအထိုင်ချထားသည့် စခန်းကုန်းငယ် တစ်ခုဖြစ်ပြီး စွယ်တော်ဗျူဟာကုန်းအောက်ရှိ ကာကင်းကုန်း ဖြစ်ကြောင်းသိရသည်။
“စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင် လက်နက်ကြီး တွေနဲ့ နေ့စဥ် ပစ်ခတ်နေတာ။ ဒါကြောင့် သူတို့ရဲ့ ကာကင်းကုန်းကို ဒီနေ့ နေလယ်မှာပဲ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ် အင်းအားက ၂၀ မကျော်လောက်ဘူး။ အကုန်ထွက်ပြေးသွားကြတယ် ” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်း မ်ကိုပြောသည်။
ယခု တိုက်ခိုက်မှုသည် အသေးစား တိုက်ခိုက်သိမ်းပိုက်မှုတစ်ခုသာဖြစ်ပြီး အသေးစိတ် ကိုမူ စစ်ရေးအရ ပါဝင်နေသည့် တပ်ရင်းတပ်ဖွဲ့များရဲ့ ခွင့်ပြုချက်ကို ရယူ၍ ဆက်လက် ဖော်ပြသွားမည်ဖြစ်သည်။
ပုံစာ-လေးကေ့ကော်မြို့သစ်ရှိ ဆည်းဆာကုန်း ခေါ် ရေကန်ကုန်းအား သိမ်းပိုက်စဉ်
#လေးကေ့ကော်မြို့သစ် #စစ်ကောင်စီကာကင်းကုန်း #တပ်စခန်းငယ် #တော်လှန်ရေးတပ်ဖွဲ့များ #သိမ်းပိုက် #Ayeyarwaddy_Times