ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် (၅၂) ကြိမ်မြောက် ပြည်တွင်းစာအုပ် ဈေးရာင်းပွဲတာ် နှင့် (၂၂) ကြိမ်မြောက် ဘန်ကောက် အပြည်ပြည်ဆိုင်ရာ စာအုပ်ဈေးရာင်းပွဲတော်ကို ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့မှ စတင်ကာ ဧပြီ ၈ ရက်နေ့အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ည ၉ နာရီအထိ Queen Sirikit National Convention Center တွင် ကျင်းပပြုလုပ် လျှက်ရှိကြောင်း သိရသည်။
စာအုပ်ဈေးရောင်းပွဲတော်တွင် ထုတ်ဝေသူများနှင့် ထိုင်းနိုင်ငံစာအုပ် ရောင်းချသူများ အသင်း၊ Booksellers Association of Thailand (Pubat) တို့က စာအုပ်များ သန်းပေါင်းများစွာကို Booklympics ဟူသည့် ခေါင်းစဉ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
“စာအုပ်တွေအများကြီးနဲ့ လူငယ်တွေတော်တော်များများ ကိုတွေ့ခဲ့ရတယ်။ နောက်ပြီး စာအုပ်တွေထဲမှာဆိုရင် သတိထားမိတာက ဘာသာပြန်စာအုပ် တော်တော်များများ တွေ့ရတယ်။ နည်းပညာစာအုပ် ၊ ပညာရေးဆိုင်ရာ စာအုပ်တွေကို ထိုင်းလိုပြန်ထားတာ အများကြီးပဲ။ အဲ့တာကြောင့်ထင်တယ်။ ထိုင်းတွေကလည်း စာတော်တော်ဖတ်ကြတယ်။ ဘယ်လောက်ပဲ နည်းပညာတွေတိုးတက်ပါစေ၊ စာအုပ်ရဲ့ အခန်းကဏ္ဍကလည်း အရေးပါ နေသေးတယ်ဆိုတာ အခုလို စာအုပ်ဈေးရောင်းပွဲတော်တွေကိုကြည့်ပြီး သိနိုင်တယ်” ဟု အဆိုပါပွဲသို့ သွားရောက်ခဲ့သည့် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စာအုပ်ဈေးရာင်းပွဲတာ်တွင် စာအုပ်သန်းပေါင်းများစွာကို စာအုပ်တိုက် ၃၃၀ ကျော်မှ ဆိုင်ခန်းပေါင်း ၉၀၀ ကျော်ဖွင့်လှစ်ရောင်းချနေကာ ၀တ္ထုစာပေ၊ ရုပ်ပြနှင့် လူငယ်စာအုပ်များ၊ ကလေးနှင့်ပညာရေးဆိုင်ရာစာအုပ်များ၊ နိုင်ငံခြားစာအုပ်များ၊ အထွေထွေစာအုပ်များ၊ စာအုပ်အဟာင်းများ စသည်တို့ ပါဝင်ကြောင်းလည်း သိရသည်။
(၂၂) ကြိမ်မြောက် ဘန်ကောက် အပြည်ပြည်ဆိုင်ရာ စာအုပ်ဈေးရာင်းပွဲတော်တွင်မူ ထိုင်၀မ်၊ ဂျပန်၊ တရုတ်၊ ယူကရိန်း စသည့် နိုင်ငံ ကိုး နိုင်ငံပါဝင်ပြီးထုတ်ဝေသူများမှ စာအုပ်အဖုံးပုံနှိပ်ခြင်းနည်းပညာ၊ ယဉ်ကျေးမှု နှင့် ဘာသာစကားဆိုင်ရာ စာအုပ်များ ၊ပညာရေး စာအုပ်များကို ပြသရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ-စာအုပ်ဈေးရောင်းပွဲတော်မှ ပုံရိပ်တချို့
ကိုးကား-Bangkok Post
Ref;Book fairs return to Queen Sirikit National Convention Center
#ဘန်ကောက် #စာအုပ်သန်းပါင်းများစွာ #ပါဝင်ရောင်းချ #ပြည်တွင်းပြည်ပ #စာအုပ်ဈေးရာင်းပွဲတော် #Ayeyarwaddy_Times