ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်

ရာဖာဒေသမှာ အစ္စရေးစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံက စိုးရိမ်ပူပန် ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောပေမယ့် အစ္စရေးနိုင်ငံသို့ ဒေါ်လာဘီလီယံချီတန်ကြေးရှိ ဗုံးတွေ၊ ဂျက်တိုက်လေယာဉ်တွေ လွှဲပြောင်းပေးဖို့ မကြာသေးခင်က အတည်ပြုခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ခု က ပြောပါတယ်။

အမေရိကန်နိုင်ငံက အစ္စရေးသို့ လွှဲပြောင်းပေးတဲ့ စစ်လက်နက်တွေထဲမှာ ပေါင် ၂၀၀၀ ဗုံး အလုံး ရေ ၁၈၀၀ ကျော်နဲ့ ပေါင် ၅၀၀ ဗုံး အလုံးရေ ၅၀၀ ကျော် ပါဝင်တယ်လို့ သတင်းရင်းမြစ်တွေက အတည် ပြုပါတယ်။

အမေရိကန်နိုင်ငံဟာ ကာလရှည် မဟာမိတ်ဖြစ်တဲ့ အစ္စရေးနိုင်ငံသို့ နှစ်စဉ် စစ်ရေးအကူအညီ ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ပေးအပ်ပါတယ်။

ဂါဇာဒေသမှာ ဗုံးကြဲတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်ဆင်မှုကြောင့် အစ္စရေးနိုင်ငံက နိုင်ငံတကာရဲ့ ပြင်းထန်သော ဝေဖန်မှုကို ခံနေရပြီး အမေရိကန်အစိုးရ အဖွဲ့ဝင်အချို့က အမေရိကန်နိုင်ငံရဲ့ စစ်ရေးအ ကူအညီ ဖြတ်တောက်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်ကို တောင်းဆိုနေချိန်မှာ အခုလို စစ်ရေးအကူအညီပေးတာ ပါ။

ဂါဇာဒေသစစ်ပွဲ၊ အစ္စရေးရဲ့ စစ်ရေးထိုးစစ်ဆင်မှုမှာ အမေရိကန်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုနဲ့ပတ်သက် လို့ အမေရိကန်အာရပ်အများအပြားက နာကျင်ရတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ဝန်ခံခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကြောင့် ပြည်သူတွေကြား စိတ်ဝမ်းကွဲမှုရှိနေလင့်က စား အစ္စရေးနိုင်ငံအတွက် ပံ့ပိုးကူညီမှု ဆက်လက်ပြုလုပ်မယ်လို့ သူက ကတိပြုပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant ဟာ ဒီသီတင်းပတ်အတွင်း ဝါရှင်တန်မြို့တော်သို့ သွားရောက်ကာ အမေရိကန် တာဝန်ရှိသူတွေနဲ့ စစ်လက်နက် လိုအပ်ချက်တွေအကြောင်း ဆွေးနွေးပြီး နောက် အမေရိကန်နိုင်ငံက အစ္စရေးသို့ စစ်ရေးအကူအညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

အမေရိကန်-အစ္စရေး တင်းမာမှုတွေ ဖြေလျှော့နိုင်အောင် ကြိုးပမ်းနေပြီး အမေရိကန်နိုင်ငံရဲ့ ဆက်ဆံရေးဟာ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးအတွက် အရေးကြီးတယ်လို့ Yoav Gallant က သတင်း ထောက်တွေကို ပြောပါတယ်။

ကိုးကား – Reuters
Ref; US has agreed to send more bombs and warplanes to Israel, say sources

#Ayeyarwaddy_Times