
ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်
ရုရှားနဲ့မြန်မာစစ်တပ်တို့ဟာ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ၅၀ ကျော်ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာန RIA Novosti က မတ်လ ၂၈ ရက်မှာ ဖော် ပြခဲ့ပါတယ်။
ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေထဲမှာ နှစ်နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးနဲ့ တိုက်ခိုက် ရေး လေ့ကျင့်မှုတွေ ပါဝင်တယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံဟာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ Su-30 ဂျက်တိုက်လေယာဉ် နှစ်စင်း ပေးပို့ခဲ့ပါတယ်။ Su-30SME ဂျက်တိုက်လေယာဉ် ၆ စင်း ပေးပို့ရမယ့် သဘောတူညီချက်တစ်ရပ် ကို နှစ်နိုင်ငံကြား ၂၀၂၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ မြန်မာစစ်တပ်အုပ်ချုပ်သူတွေကို ပံ့ပိုးကူညီတာ လက်သင့်ခံဖွယ်ရာမရှိဘဲ ဒေသ တွင်း မတည်မငြိမ်ဖြစ်စေတယ်လို့ အမေရိကန်နိုင်ငံက သတိပေးခဲ့ပါတယ်။
တင်းမာမှုတွေဖြစ်ပွားနေတဲ့ မြန်မာ့အိမ်နီးချင်း တောင်အာရှတိုင်းပြည်တစ်ခုဖြစ်တဲ့ အိန္ဒိယက မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ဖို့ ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ သုံးစွဲမှာဖြစ်ပြီး အဆိုပါစီမံ ကိန်းကို အစိုးရအဖွဲ့က အတည်ပြုရအုံးမှာဖြစ်ပါတယ်။
မှောင်ခိုကူးမှုနဲ့ တရားမဝင် လှုပ်ရှားမှုတွေကို ဟန့်တားဖို့ ကီလိုမီတာ ၁၆၁၀ ရှိတဲ့ နယ်စပ်ကို ခြံစည်းရိုးခတ်ဖို့ အိန္ဒိယနိုင်ငံက ကြိုးပမ်းနေတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။
နယ်စပ်နေပြည်သူတွေ မြန်မာနိုင်ငံနဲ့ ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုတဲ့ ဆယ်စုနှစ်ချီ နေပြီဖြစ်တဲ့မူဝါဒကို အမျိုးသားလုံခြုံရေးကြောင့် အဆုံးသတ်တော့မယ်လို့ အိန္ဒိယအစိုးရက ပြောပါ တယ်။
ကိုးကား – The Week
Ref; Russia, Myanmar plan over 50 joint military activities