ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်

အဖွဲ့ ၅ ဖွဲ့ခွဲကာ နယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ၊ Thong Pha Phum ခရိုင်အတွင်း တရားမ ဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၇၉ ဉီးကို နှစ်ရက်အတွင်း လူပွဲစားငါးဦးနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ရဲ၊ စစ်သားနဲ့ ဒေသန္တရ အာဏာပိုင်တွေဟာ သတင်းအရ မတ်လ ၂၇ ရက်မနက်ပိုင်းက Tha Khanun ရွာရှိ နေအိမ်တစ်လုံးအောက်မှာ ပုန်းအောင်းနေတဲ့ လူကိုးဉီးကို ဖမ်းဆီးမိခဲ့ပါတယ်။

မြန်မာနိုင်ငံသား ၉ ဦးကို ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ စွဲချက်တင်ခဲ့ပြီး ၎င်းတို့အား ကူညီမှုနဲ့ အိမ်ပိုင်ရှင်ကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

နောက်တစ်ရက်မှာ ထိုင်းအာဏာပိုင်တွေဟာ မြန်မာအမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ပစ် ကပ်ကားတစ်စင်းအတွင်း ဖမ်းဆီးမိခဲ့ပါတယ်။ တရားမဝင် ဝင်ရောက်သူတွေကို ဆောင်ခလာခရိုင်မှ ဆ မွတ်ဆခွန်ပြည်နယ်သို့ ပို့ဆောင်ဖို့ မြန်မာတစ်ဉီးက ဘတ် ၈၀၀၀ နဲ့ ငှားရမ်းခဲ့တာလို့ ကားပိုင်ရှင်က ရဲ တပ်ဖွဲ့ကို ဝန်ခံပါတယ်။

ဘုရားသုံးဆူနယ်စပ်ဂိတ်အနီးရှိ တောလမ်းတွေကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့ကြောင်း၊ စစ် ဆေးရေးဂိတ်တွေကို ရှောင်ရှားဖို့ လမ်းပြတစ်ဉီးက ကူညီခဲ့ကြောင်း၊ အလုပ်ပွဲစားတစ်ဉီးကို ဘတ် ၈၀၀၀ မှ ၁၀၀၀၀ အထိ ပေးခဲ့ရကြောင်း မြန်မာနိုင်ငံသားတွေက စကားပြန်မှတစ်ဆင့် ရဲတပ်ဖွဲ့ကို ပြောပါ တယ်။

ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေဟာ မတ်လ ၂၇ ရက်ညပိုင်းက သတင်းအရ Hindad ရွာအနီးက သစ် တောအုပ်တစ်ခုအတွင်း တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ၃၅ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်း အလုပ်လုပ်ကိုင်ဖို့ သွားရောက်ဖို့ ကြိုးပမ်းနေ တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အစောပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့ဟာ ဓာတ်ဆီဆိုင်တစ်ခုမှာ မြန်မာအမျိုး သား ၆ ဦးနဲ့ ထိုင်းလူပွဲစားနှစ်ဉီးကို ဖမ်းဆီးမိခဲ့ပါတယ်။

အင်္ဂါနေ့ညပိုင်းကလည်း ထိုင်းရဲတပ်ဖွဲ့ဟာ ကိုဝင်းဆိုသာ မြန်မာလူပွဲစားတစ်ဉီးနဲ့ တရားမဝင် အလုပ်အကိုင်ရှာဖွေသူ မြန်မာနိုင်ငံသား ၁၉ ဉီးကို ဖမ်းဆီးမိခဲ့ပါသေးတယ်။

ကိုးကား – Bangkok Post
Ref; Five more groups of Myanmar border-crossers caught

#Ayeyarwaddy_Times