
ဓာတ်ပုံ - KNDF၊ PDF Loikaw
ဧရာဝတီတိုင်းမ်
ဇွန်လ ၂၆ ရက်
ယမန်နေ့ ဇွန်လ (၂၅)ရက်နေ့က ကရင်နီ(ကယား)၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်၊ ကုန်းသာ နှင့်သေးဆူလဲ ကျေးရွာတို့တွင် ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA)၊ KNDF၊ PDF (Loikaw)၊PDF (DMO)၊ KRU ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တို့မှ ပူးတွဲ စစ်ဆင်ရေးတစ်ရပ်ဆင်နွဲ တိုက်ခိုက်ခဲ့ကြောင်း KNDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုစစ်ဆင်ရေးမှာ မနက် ၆ နာရီခွဲခန့်မှ မွန်းလွဲ ၂ နာရီခွဲ အထိ (၈) နာရီကြာမြင့်ခဲ့ပြီး၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း KNDF က ရေးသားထုတ်ပြန်ထားသည်။
ထို့အတူ ဒီးမော့ဆိုမြို့မရဲစခန်းအနီးတွင်လည်းအပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ (၁) ဦးသေဆုံးခဲ့ကြောင်း သိရသည်။