ဧရာဝတီတိုင်းမ်
ဇွန်လ ၂၆ ရက်

မြန်မာနိုင်ငံက ရာနဲ့ချီတဲ့ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုတွေရှိနေပေမယ့် ကမ္ဘော ဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာပြုလုပ်တဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ စစ်ကောင် စီ ကာကွယ်ရေးဝန်ကြီး တက်ရောက်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရတစ်ရပ်ကို စစ်တပ်က ဖြုတ်ချပြီးတဲ့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးဟာ စစ်ကောင်စီကိုကိုယ်စားပြုပြီး အာဆီယံဝန်ကြီးအဆင့် အစည်း အဝေးကို တက်ရောက်ခွင့်ရတဲ့ အဆင့်မြင့်ဆုံး တာဝန်ရှိသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

အတိုက်အခံတွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းနေတဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုက အသိအ မှတ်ပြုသလိုဖြစ်မှာစိုးတဲ့အတွက် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံ နိုင်ငံတွေကြား အာဏာသိမ်းစစ်တပ်နဲ့ ဆက်ဆံ ရာမှာ သဘောထားကွဲလွဲနေမှာပါတယ်။

“အစည်းအဝေးမှာ စစ်ကောင်စီ ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခွင့်ရပေမယ့် မလေးရှားနိုင်ငံက စစ် ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုပါဘူး” လို့ မလေးရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်တစ်ခုက ဆိုပါတယ်။

အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခွင့်ပြုတာဟာ လုံခြုံရေးရာကိစ္စရပ်တွေမှာ ဒေသ တွင်းနိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသတာလို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီးဘင်က ပြောပါ တယ်။

မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်း ၆၇၇ ခုက အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေထံ စာတစ်စောင် ပေးပို့ခဲ့ပြီး စစ်ကောင်စီကိုယ်စားလှယ်ကို အစည်းအဝေးကို မဖိတ်ကြားဖို့ တိုက်တွန်းခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး မြထွန်းဦးကို အစည်းအဝေးတက်ရောက်ခွင့်ပြုတာဟာ ၂၀၂၁ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ နဲ့ ၂၀၂၂ ခုနှစ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ စစ်ကောင်စီ ကိုယ်စားလှယ်ကို တက် ရောက်ခွင့်မပြုဖို့ အာဆီယံရဲ့ဆုံးဖြတ်ချက်နဲ့ ကျိုးကြောင်းညီညွတ်မှုမရှိဘူးလို့ အဲဒီအဖွဲ့အစည်းတွေက ပြောပါတယ်။

ကိုးကား – Benar News
Ref; Myanmar junta representative attends ASEAN defense meeting