
ကိုကိုလေး/ဧရာဝတီတိုင်းမ်
ကံပေါက်၊ဇွန်လ ၂၆ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ စျေးအတွင်းက စျေးဆိုင်ခန်းအများစု ဖောက် ထွင်းခိုးယူခံနေရတယ်လို့ စျေးသူစျေးသားများထံကသိရပါတယ်။
“ဇွန်လ၂၅ ရက် ည အချိန် ကဖောက်ထွင်းခိုးယူခံရတာပါ။မကြာခဏဆိုသလို ဆိုင်တွေအဖောက်ခံနေရတာပစ္စည်းအများစုလည်းပျောက်ဆုံးခဲ့တယ်။အခုလိုတွေ ပစ္စည်းတွေမကြာခဏခိုးယူခံရယုံတင်မကဘူး၊ နောက် ပိုင်းလူအသက်အန္တရယ်ပါစိုးရိမ်လာရတယ်” လို့ စျေးဆိုင်ပိုင်ရှင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ ပစ္စည်းပျောက်ဆုံးခဲ့တဲ့ စျေးသည်အချို့ကစုပေါင်း၍ ကံပေါက်နယ်မြေ ရဲစခန်းသို့ သွားရောင်တိုင်ကြားခဲ့ပြီး ပူးပေါင်းရှာဖွေမှုများပြုလုပ်ခဲ့ကြတယ်လို့လည်း ဒေသခံများကပြောပါတယ်။
ထို့ပြင် ရေးမြို့ဘက်က ကံပေါက်စျေးအတွင်း ငါးဒိုင်တစ်ခုတွင် အလုပ်လာရောက် လုပ်ကိုင်နေတဲ့ မသင်္ကာစရာလူငယ်နှစ်ဦးနေထိုင်တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် သွားရောက်ဝိုင်းပြီးဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ရာ ပျောက်ဆုံး ပစ္စည်းနဲ့အတူ မူးယစ်ဆေးဝါးများပါထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ဒေသခံများထံကသိရပါတယ်။
ဒီကနေ့နံနက်ပိုင်းမှာ အဆိုပါလူငယ်နှစ်ဦးကိုလည်း ကံပေါက်နယ်မြေရဲစခန်းက လက်ဝယ်တွေ့ရှိတဲ့ ပစ္စည်းများနဲ့အတူ
ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံများထံကသိရှိရပါတယ်။
ဓာတ်ပုံ-ပေးပို့