ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်

လော့ဘူရီကနေ ကယ်တင်ခဲ့တဲ့ နိုင်ငံမဲ့ကလေးငယ် ၁၉ ဦးကို သူတို့ရဲ့ဇာတိ မြန်မာနိုင်ငံသို့ ပြန်မ ပို့ခဲ့ဘူးလို့ ထိုင်း လူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေးဝန်ကြီး Varawut Silpaarcha က မတ်လ ၂၆ ရက် မှာ ပြောကြားခဲ့ပါတယ်။

ချင်းရိုင်မြို့ရှိ ဖောင်ဒေးရှင်းတစ်ခုမှာ စောင့်ရှောက်ထားတဲ့ ကလေးငယ် ၁၉ ဦးဟာ အန္တရာယ်ရှိ လာနိုင်တယ်ဆိုတဲ့ ပြည်သူတွေကြား စိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်လို့ သူက အခုလို ပြောကြားခဲ့တာပါ။

ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေဟာ လွန်ခဲ့သော နှစ် ၃၀ ကျော်က ကလေးသူငယ်များ ကာကွယ် စောင့်ရှောက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ Varawut က ပြောပါတယ်။

ကလေးငယ်တွေကို မိခင်တိုင်းပြည်သို့ ပြန်ပို့မယ့် မည်သည့်ကြိုးပမ်းမှုမဆို မဖြစ်နိုင်ဘဲ ဝန်ကြီး ဌာနက ကလေးငယ်တွေကို စောင့်ရှောက်ဖို့ အပြည့်အဝ တာဝန်ရှိတယ်လို့ သူက ဆိုပါတယ်။

အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ်ရှိ ကလေးငယ် ၁၉ ဦးကို မတ်လ ၁၂ ရက်က လော့ဘူရီခရိုင်၊ Baan Mi မြို့က ရဟန်းခံပွဲတစ်ခုအတွင်း ကယ်တင်ခဲ့တာပါ။

ကလေးငယ်တွေကို ၎င်းတို့အား စောင့်ရှောက်ထားတဲ့ Baan Kru ဖောင်ဒေးရှင်းထံ ပြန်ပို့ပြီး နောက် ချင်းရိုင်ခရိုင် ကလေးသူငယ်စောင့်ရှောက်ရေးစင်တာသို့ ထပ်မံ လွှဲပြောင်းပေးခဲ့တာကြောင့် ၎င်း တို့ထွက်ပြေးခဲ့ရာ မြန်မာနိုင်ငံသို့ ပြန်ပို့မယ်ဆိုတဲ့ လူထုကြား စိုးရိမ်မှုတွေ ဖြစ်စေခဲ့ပါတယ်။

ငွေကြေးတောင်းခံခိုင်းမယ့် ရည်ရွယ်ချက်နဲ့ ကလေးငယ်တွေကို အမြတ်ထုတ်နိုင်တယ်လို့ လော့ ဘူရီခရိုင်ရှိ လူမှုဖွံ့ဖြိုးရေးအရာရှိတွေက ပြောကြားခဲ့လို့ ဝန်ကြီးဌာနက ၎င်းတို့ကို ကယ်တင်ပြီး ချင်းရိုင် ခရိုင်သို့ ပို့ဆောင်ခဲ့တာလို့ Varawut က ပြောပါတယ်။ မြန်မာကလေးငယ်တွေဟာ လူမှောင်ခိုကူးခံရတဲ့ လက္ခဏာတွေတော့ မတွေ့ရဘူးလို့ သူက ဆိုပါတယ်။

ကလေးငယ်တွေဟာ နွေရာသီမှာ လော့ဘူရီဘုရားကျောင်းမှာ နေထိုင်ခဲ့ပြီး ၎င်းတို့ကို အမြတ် ထုတ်ခဲ့တာမရှိဘူးလို့ Baan Kru Foundation ထူထောင်သူ Nutchaart Boonkhong က ပြောပါတယ်။

The Hill Area and Community Development Foundation (HADF) ထူထောင်သူ Tuenjai Deetes က ထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့တဲ့ နိုင်ငံမဲ့ကလေးတွေရဲ့အရေး ကိုင်တွယ်ပုံကို မေးခွန်းထုတ်ခဲ့ ပြီး အများစုက ထိုင်းနိုင်ငံမှာ လုံခြုံတယ်လို့ မခံစားရဘူးလို့ ထောက်ပြပါတယ်။

နိုင်ငံမဲ့ကလေးငယ်တွေကို ထိုင်းနိုင်ငံမှာ ပညာသင်ခွင့်ပြုတာဟာ ကလေးသူငယ်များ ကာကွယ် စောင့်ရှောက်ရေး အက်ဉပဒေအရ တရားမဝင်ဘဲ ကလေးသူငယ်တွေက အပြစ်ကင်းစင်တာကြောင့် နိုင် ငံတော်က ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှ လူမျိုးစုနှင့် ကလေးသူငယ်ရေးရာ ကျွမ်းကျင်သူ Suraphong Kongjuntuek က ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Rescued children ‘not returned to Myanmar’

#Ayeyarwaddy_Times