ဧရာဝတီတိုင်းမ်
မတ် ၂၇ရက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၅၅၂တပ်ရင်းကို ရက္ခိုင့်တပ်တော် AA ကသိမ်းပိုက် ထိန်းချုပ်လိုက်ကြောင်း သိရသည်။

ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းအား AAက ဖေဖော်ဝါရီလ (၂၄) ရက်နေ့၊ နံနက် (၈) နာရီ ( ၃၅) မိနစ်အချိန်၌ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့‌ကြောင်း AAကထုတ်ပြန်ထားသည်။

ခမရ (၅၅၂) စခန်းအား စစ်ကောင်စီ၏ ကြည်း၊ လေ အပြင်းအထန်ခုခံကာကွယ်မှုကြားထဲမှ ရက်ပေါင်း (၃၂) ရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသည့်နောက် မတ်လ (၂၅) ရက်နေ့၊ နေ့လယ် (၁၂) နာရီအချိန်တွင် အဆိုပါစခန်းတစ်ခုလုံးအား AAကအပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့‌ခြင်း ဖြစ်သည်။

အဆိုပါတပ်ရင်းမှ လက်နက်ခဲယမ်း၊ စစ်ကောင်စီအလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသောတပ်ဖွဲ့ဝင် အချို့ကို လက်ရဖမ်းဆီး မိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း AAမှ လိုက်လံဖမ်းဆီးလျက်ရှိ‌ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် AAအနေဖြင့် လက်နက်ချအညံ့ခံသောသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး လက်ရှိအချိန်တွင် ရက္ခိုင် နှင့် ပလက်ဝဒေသများမှ လက်နက်ချအညံ့ခံသော (စစ်ဘက်+တပ်မိသားစု) အရေအတွက် မှာ ထောင်ချီရှိနေပြီ ဖြစ်သည်။

ထို့အတူ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်ရယူနိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်အဟုန်မြှင့်လျက်ရှိပြီး မတ်လ (၂၅) ရက်နေ့တွင် တမန်းသားစခန်းမှ အင်အား (၁၀၀) ခန့် ပါဝင်သောတပ်ဖွဲ့ဝင်များသည် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အလူးအလဲခံခဲ့ရပြီး နောက်တွင် ရက္ခိုင့်တပ်တော်ထံ လက်နက်ချခဲ့‌ကြောင်း သတင်းထုတ်ပြန်ထားသည်။

#ဘူးသီးတောင် #စစ်ကောင်စီ #ခမရ၅၅၂ #AA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times