ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၂၇ ရက်

တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာတွင် ပြုလုပ်သည့်လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုက မတ်လ ၂၆ ရက် ညနေ ၃ နာရီခန့်က သေနတ်ပစ်ဖောက်၍ သတိပေးခဲ့ကြောင်း ဒေသခံများကပြောသည်။

အဆိုပါ လောင်းကစားဝ်ိုင်းမှာ ဇာဒီရွာ ၊ သီရီမင်္ဂလာဘုန်းကြီးကျောင်း တောင်ဘက်ရှိ ဆင်သတ်ခြံစုနှင့် ဆယ်အိမ်စုလမ်းတို့တွင် ပြုလုပ်နေခြင်းဖြစ်သည်။

” PDF တွေက ကား ၊ ဆိုင်ကယ်တွေ နဲ့ လောင်းကစားဝိုင်း ပြုလုပ်တဲ့ကွင်းထဲကိုရောက်ချလာတယ်။ သေနတ် က သုံး ချက်ပစ်ဖောက်လိုက်တယ်
(လောင်း)ကစားသမားတွေကတော့အားလုံးထပြေးကြတယ်။လူတွေ ကိုတော့ ဖမ်းမမိဘူးပေါ့။ ဆိုင်ကယ် တွေ တော့ကျန်ခဲ့တဲ့သူတွေလည်းရှိတယ်” ဟု ဇာဒီရွာသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သေနတ်ပစ်
ဖောက် သတိပေပြီးနောက် ကျန်ခဲ့သည့်
ဆိုင်ကယ်အချို့ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက သိမ်းဆည်းသွားခဲ့ပြီးနောက် ညနေ ၅ နာရီခန့်အချိန်တွင် ဆိုင်ကယ်များကို ပိုင်ရှင်များထံ ပြန်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လောင်းကစားဝိုင်းများ မပြုလုပ်ကြရန် သတိပေးပြောဆိုခဲ့ကြောင်း ဆိုင်ကယ်သိမ်းဆည်းခံရပြီးမှ ပြည်လည်ရရှိခဲ့သူတစ်ဦးက ဖြစ်စဉ်ကို ရှင်းပြသည်။

ကံပေါက်တိုက်နယ် တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လောင်းကစားဝိုင်းများမပြုလုပ်ကြရန် အကြိမ်ကြိမ် သတိပေးတားမြစ် ထားသော်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများက စစ်ကောင်စီတပ်ကို ငွေပေးပြီး လမ်းရံပုံငွေ ၊ တံတားရံပုံငွေ ရရှိရေးဟုဆိုကာ အကြောင်းအမျိုးမျိုးပြပြီး ဇာဒီကျေးရွာ ၊ ပယကျေးရွာ ၊ အုန်းပင်ကွင်းကျေးရွာ အပါအဝင် ကျေးရွာအချို့တွင် လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

#ရေဖြူမြို့နယ် #ဇာဒီရွာ #လောင်းကစားဝိုင်း #ပြည်သူ့ကာကွယ်ရေးတပ် #သေနတ်ပစ်
ဖောက်သတိပေး #Ayeyarwaddy_Times