
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၂၇ ရက်
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာ လမ်းနှင့် ဆူးလေဘုရားလမ်းထောင့် လူကူးခုံးတံတား အနီးတွင် ယနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ နှစ် ဦးရှိကြောင်း သိရသည်။
ဆူးလေခုံးတံတားအနီးတွင် ယနေ့ မတ် ၂၇ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲခဲ့ရာတွင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရကြောင်း သိရသည်။
“ဒဏ်ရာရတဲ့သူတွေက ကလေးတွေ။ တစ်ယောက် ၁၆ နှစ်လောက်ရှိမယ်ထင်တယ်။ သူကအတော်ထိထားတယ်။ ပေါက်ကွဲသံကလည်းအတော်ပြင်းတယ်” ဟု အနီး၀န်းကျင်ရှိ ပြည်သူတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် မည်သည့် အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရှိရသေးဘဲ တွေ့ရသည့်ဓာတ်ပုံများထဲတွင် အမျိုးသားငယ်တစ်ဦး ပလက်ဖောင်းပေါ်တွင် လဲကျနေပြီး ကလေးငယ်တစ် ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရသည်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နေရာသည် ရန်ကုန်မြို့လယ် ခေါင်ဖြစ်ပြီး လုံခြုံရေးတင်းကျပ်ထားသည့် ကျောက် တံတားရဲစခန်းအနီးတွင်ဖြစ်သည်။
ပုံစာ- ဆူးလေ လူကူးခုံးတံတားအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် တွေ့ရစဥ်
#ရန်ကုန် #ဆူးလေလူကူးခုံးတံတား #ဗုံးပေါက်ကွဲ #၂ဦးထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Time