ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

ထိုင်းနိုင်ငံက အိမ်နီးချင်း မြန်မာနိုင်ငံသို့ ပထမအသုတ် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့လိုက် တယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ ဒီမိုကရေစီအင်အားစုတွေကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် စစ်ဘေးသင့် မြန်မာနိုင်ငံမှာ ပြည်သူတွေအများအပြားဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ယာဉ်တန်းဟာ တနင်္လာနေ့က ထိုင်းနိုင်ငံအ နောက်ပိုင်း မဲဆောက်မြို့ကနေ ထွက်ခွာလာခဲ့ပါတယ်။

နှစ်နိုင်ငံ ကြက်ခြေနီအသင်းတွေမှတစ်ဆင့် ပြည်သူ ၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး ပစ္စည်းတွေကို မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အိုးအိမ်စွန့်ခွာရသူအရေအတွက် ဟာ ၂ ဒသမ ၈ သန်းကျော်အထိ ရှိလာခဲ့ပြလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုအေဂျင်စီက ပြောပါတယ်။

ထိုင်းအစိုးရနဲ့ မြန်မာစစ်ကောင်စီတို့က စစ်ရှောင်တွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ ပေး အပ်ဖို့ သဘောတူပြီးနောက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုစင်္ကြံ ထူထောင်မယ့်အစီအစဉ်ကို အာဆီယံအဖွဲ့က ထောက်ခံခဲ့ပါတယ်။

“ဒုက္ခရောက်နေတဲ့ ပြည်သူအားလုံးကို အကူအညီတွေ ညီတူညီမျှပေးဖို့ လိုအပ်ပါတယ်။ ဒီအစီ အစဉ် အောင်မြင်ရင် နောက်ထပ် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ဖို့ ကျွန်တော်တို့ စဉ်းစားမှာဖြစ်ပါ တယ်” လို့ ထိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောပါတယ်။

မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေက ပြည် သူတွေထံ ကယ်ဆယ်ရေးပစ္စည်းတွေ မရောက်ရှိမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

ကိုးကား – NHK
Ref; Thailand sends first cross-border aid to Myanmar

#Ayeyarwaddy_Times