နွေဦးမောင်/ဧရာဝတီတိုင်းမ်
မတ် ၂၆ ရက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းကျေးရွာ ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ၎င်းတို့၏ မိသားစုဝင် ၄၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲကို မတ် ၂၄ ရက်နေ့ နံနက်ပိုင်းက စတင်ဖော်ဆောင်ခဲ့ကြပြီး တော်လှန် ရေးတပ်ဖွဲ့များဖြစ်ကြသည့် Lion Battalion ဗျူဟာစစ်ကြောင်း ၊ မွန်ပြည် သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်လွတ် မြောက် ရေးတပ်တော်(MLA)၊ ဂဠုန်စစ်ကြောင်း ၊ ကျားဖြူစစ်ကြောင်း၊ KNDO တပ်ရင်း (၆) စောနဂါးတပ်ဖွဲ့ ၊ SSDF ဒရုန်းတပ်ဖွဲ့နှင့် အယ်ဖာဘက် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကို စနစ်တကျ ဖော်ဆောင်ခဲ့တာ။ အဲ့စခန်းက (ကော့ဘိန်းရဲစခန်း)က စစ်တပ် နဲ့ ရဲ ပူးပေါင်းအထိုင်ချထားတဲ့စခန်းပါ။ မတ်လ ၂၄ ရက်နေ့ကတည်းက အနီးကပ် စောင့်ကြည့် တိုက်ခိုက်ခဲ့တာ။ နှစ်ဘက်ထိတွေ့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ၂၅ ရက်နေ့ မှာတော့ ကော့ဘိန်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်။ စစ်ဗိုလ် နဲ့ ရဲစခန်းမှူး အပါ အဝင် သူတို့ရဲ့မိသားစုဝင်အချို့နဲ့ အင်အား ၄၁ ယောက်ကိုပါအရှင် ဖမ်းဆီးရ မိထား တယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို (၁၀) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

ကော့ဘိန်းရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင် ငါး ဦးသေဆုံးခဲ့ပြီး ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် နှစ် ဦးကျဆုံးကာ အရပ်သားတစ်ဦး လက်နက်ကြီးစ ထိမှန်၍ သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

စခန်းသိမ်းတိုက်ပွဲ အပြီးတွင် နယ်မြေရှင်းလင်းမှုများ ဆက်လက်ပြုလုပ်ပြီး လက်နက် ပေါင်းစုံ ၂၃ လက်၊ RPG တစ်လက်၊ BA-100 နှစ်လက် နှင့် စက်လက် တစ်လက် တို့ကိုပါ သိမ်းဆည်းရမိခဲ့ပြီး ရရှိလာသည့် လက်နက်များကို မြေပြင် တိုက်ပွဲ ဝင်တော်လှန်ရေးတပ်ဖွဲ့များအား ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရင်း မြစ်များ ထံက သိရသည်။

ပုံစာ-ကော့ဘိန်းရဲစခန်းကို သိမ်းပြီးနောက် တွေ့ရစဉ်
#ကော့ဘိန်းရဲစခန်း #တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ #စခန်းသိမ်းတိုက်ခိုက် #စစ်ကောင်စီတပ် #ရဲတပ်ဖွဲ့ဝင်များ #မိသားစုဝင် #အရှင်ဖမ်းဆီးရမိ #Ayeyarwaddy_Times