ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ ရက်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP ရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဩဂုတ်လ ၂ ရက် ယမန်နေ့ညနေ ၆ နာရီဝန်းကျင်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)ကဖမ်းဆီးသွားကြောင်း ALP ကသတင်းထုတ်ပြန်သည်။

AA က ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း၏နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၄င်းနှင့်အတူ အဌမတန်းကျောင်း သား မောင်စိုးမင်းနိုင် ကိုလည်းဖမ်းဆီးသွားသည်ဟု ALPက ဖော်ပြသည်။

ယင်းကဲ့သို့ဖမ်းဆီးမှုသည် ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိပါးစေပြီး ရခိုင့်တော်လှန်ရေးအဖွဲ့ အချင်းချင်းကြားတွင် လုံးဝမဖြစ်သင့်ကြောင်း ALP ကဆိုသည်။

ULA/AA မှ ယခင်ကလည်း ALP ခေါင်းဆောင်တချို့နှင့်ပါတီဝင်ရဲဘော်များကို ဖမ်းဆီးမှုများရှိခဲ့ပြီး လက်ရှိအချိန်ထိပြန်လွှတ်ပေးခြင်းမရှိကြောင်းသိရပြီး ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့် မောင်စိုးမင်းနိုင်အပါအဝင် ယခင်ဖမ်းဆီးထားသောပါတီဝင်ရဲဘော်များကို ပြန်လွှတ် ပေးရန် အလေးအနက်ထားတောင်းဆိုသည်ဟု ဖော်ပြသည်။

ALP ပါတီသည် NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်း ဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ၁၀ ဖွဲ့တွင် ၁ဖွဲ့အပါအဝင်ဖြစ်သည်။

ဓာတ်ပုံ – စစ်အာဏာသိမ်းခေါင်းဆောင်များနှင့် ALP ပါတီမှ ဒု-ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအပါ ခေါင်း ဆောင်များ နေပြည်တော်တွင်တွေ့ဆုံစဥ်။