ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ ရက်
မြန်မာစစ်ကောင်စီက အိန္ဒိယအစိုးရထံမှ ငွေချေးယူကာ ရုရှားနဲ့အိန္ဒိယ ဖက်စပ်ထုတ်လုပ်တဲ့ ဘရာမော့စ် အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည်တွေဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Tass သတင်းဌာနရဲ့ သြဂုတ်လ ၂ ရက်နေ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
ဘရာမော့စ်ဆိုတာ ရုရှားနဲ့အိန္ဒိယ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ BrahMos Aerospace က ထုတ်လုပ်တဲ့ အသံထက်မြန်သော ခရုဇ်ဒုံးကျည်တစ်မျိုး ဖြစ်ပါတယ်။
ဘရာမော့စ်ဒုံးကျည်ကို ရုရှားကုမ္ပဏီ NPO Mashinostroyenia က အိန္ဒိယ ကာကွယ်ရေးသုတေသနနဲ့ ဖွံ့ ဖြိုးရေးအဖွဲ့အစည်း (DRDO) မိတ်ဖက်ဆောင်ရွက်ပြီး ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
ဘရာမော့စ်ဒုံးကျည်ကို ၂၀၀၁ ခုနှစ်မှာ စတင်စမ်းသပ်ခဲ့ပြီး ဒီနေ့အချိန်မှာတော့ အဆင့်ဆင့်မြှင့်တင်ပြီး အိန္ဒိယလေတပ်၊ ရေတပ်နဲ့ ကြည်းတပ်တို့က အသုံးပြုနေပါတယ်။
BrahMos Aerospace ဟာ နယူးဒေလီမြို့တော်မှာ အခြေစိုက်ပါတယ်။ ဘရာမော့စ်ဆိုတဲ့အမည်က အိန္ဒိယနိုင်ငံက ဗြဟ္မပုတ္တရမြစ်နဲ့ ရုရှားနိုင်ငံက မော့စ်ဗာဆိုတဲ့မြစ်နှစ်စင်းကို ပေါင်းစပ်ပြီး ပေးထားတာဖြစ်ပါ တယ်။
မြန်မာရေတပ်မှာ တရုတ်နိုင်ငံလုပ် C-801၊ C802၊ C-802A နဲ့ HY-2 အပြင် ရုရှားနိုင်ငံထုတ် Kh35U ဆိုတဲ့ သင်္ဘောဖျက် ခရုဇ်ဒုံးကျည်ငါးမျိုး ပိုင်ဆိုင်ထားတယ်လို့ ထောက်လှမ်းရေးသတင်းတွေအရ သိရပါတယ်။
ကိုးကား – Navy recognition
Ref; Myanmar may interest to acquire Brahmos cruise missile