ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ ရက်

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ထိုင်ဝမ်ကိုလာရောက်တဲ့အပေါ် များစွာစိုးရိမ်ပူပန်တယ်လို့ စစ်ကောင်စီလက်အောက်ခံနိုင်ငံခြားရေးဌာနက ဒီကနေ့မှာထုတ်ပြန်ပါတယ်။
နန်စီပလိုစီ ခရီးစဥ်ဟာ ဒေသတွင်း မတည်ငြိမ်မှုများဖြစ်စေရန် ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တဲ့ လုပ်ရပ်များဖြစ်ပြီး အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်တဲ့ အားထုတ်မှုလို့လည်း စွပ်စွဲထားပါတယ်။

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲများနှင့် ငြိမ်း ချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်း တို့မှတစ်ဆင့် တင်းမာမှုများ လျော့နည်းစေရေးဆောင်ရွက်စေလိုတယ်လို့လည်း စစ်ကောင်စီကဆိုပါတယ်။

စစ်ကောင်စီဟာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အပြည့် အဝထောက်ခံပြီးတော့ ထိုင်ဝမ် (တရုတ် -တိုင်ပေ) အား တရုတ်နိုင်ငံ၏ ခွဲထွက်မရသောအစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်အောက်လွှတ်တော်နာယက နန်စီပလိုစီဟာ မနေ့ညပိုင်းက ထိုင်ဝမ်သို့ရောက်ရှိလာကာ ထိုင်ဝမ်သမ္မတအပါအဝင်တာဝန်ရှိသူတွေနဲ့ တွေဆုံဆွေးနွေးနေတဲ့အပေါ် တရုတ်နဲ့အမေရိကန်အကြား တင်းမာမှုတချို့မြင့်တက်နေပါတယ်။

ဓာတ်ပုံ – လူမှုကွန်ယက်