ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၃ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တုံးမဝကျေးရွာသို့ ကျောင်းတက်ပြီး ကုလားတန်မြစ်အတိုင်းပြန်လာသည့် ရီးမဝကျေးရွာမှ ကျောင်းသား၊ ကျောင်းသူများ စီးနင်းလိုက်ပါလာသည့် စက်လှေကို နှမဒါကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ သြဂုတ်လ နေလည်ပိုင်းက စက်လတ်သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AAက သတင်းထုတ်ပြန်သည်။
နှမဒါကျေးရွာစေတီကုန်း၌ စခန်းချတပ်စွဲနေရာယူထားသည် စစ်ကောင်စီတပ်ဟာ မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိပဲ ရည်ရွယ်ချက်ရှိရှိ စက်လတ်များဖြင့် ကျောင်းသား၊ ကျောင်းသူတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ လို့ ရက္ခိုင့်တပ်တော် AA က ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ပဉ္စမတန်းကျောင်းသားများဖြစ်သည့် အသက် (၁၂)နှစ်အရွယ် အိုက်နေမင်းထွန်းနှင့် အိုက်အောင်သန်းမြတ်တို့ သေဆုံးခဲ့ပြီး အခြားကျောင်းသားများနှင့် ကျောင်းစောင့်တစ်ဦး၊ ဦးဗဒူ အသက် ၅၆ နှစ်တို့ ဒဏ်ရာများ ရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဒါ့ပြင် စစ်ကောင်စီတပ်ဟာ ကုလားတန်မြစ်ကြောင်းတစ်လျှောက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် သွားလာနေကြသည့် ပြည်သူများကိုလည်း ၎င်းမြစ်ကြောင်းကမ်းနံဘေး၌ တပ်စွဲဂိတ်ချထားကာ ပစ္စည်းတောင်းခံခြင်း၊ ငွေကြေးကောက်ခံခြင်း၊ သေနတ်ဖောက်ရပ်တန့်ခိုင်းခြင်း၊ မရပ်တန့်သည့် စက်လှေများကို သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ပြုလုပ်လျက်ရှိသည် ဟု ရက္ခိုင့်တပ်တော် AA ကထုတ်ပြန်ပြောဆိုထားသည်။
ဓာတ်ပုံ-ရက္ခိုင့်တပ်တော် AA