
ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
မတ်လ ၂၄ ရက် အစောပိုင်းက ကျူးကျော်ခံထားရတဲ့ ခရိုင်းမီးယားကျွန်းဆွယ် တိုက်ခိုက်မှုမှာ ရု ရှား ကမ်းတက်သင်္ဘောနှစ်စင်းအပြင် ဆက်သွယ်ရေးစင်တာတစ်ခုနဲ့ ပင်လယ်နက်အတွင်း ရုရှားရေတပ် အသုံးပြုတဲ့ အခြား အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါ တယ်။
ရုရှား ကမ်းတက်သင်္ဘောတွေကို တိုက်ခိုက်ရာမှာ ပစ်မှတ်တွေကို ဘယ်လို ထိမှန်ခဲ့တယ်ဆိုတာ ကိုတော့ ထုတ်ပြန်ချက်က မဖော်ပြခဲ့ပါဘူး။
ယူကရိန်းက လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း၊ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့က ခရိုင်းမီးယားကျွန်းဆွယ်ရှိ ဆီဗာစတိုပိုလ်မြို့မှာ ဒုံးကျည် ၁၀ စင်းကျော်ကို ပစ်ချခဲ့တယ်လို့ ရု ရှား ခန့်အပ်ထားတဲ့ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
“ယူကရိန်း ကာကွယ်ရေးတပ်ဖွဲ့က ရုရှား ကမ်းတက်သင်္ဘောနှစ်စင်း၊ ဆက်သွယ်ရေးစင်တာတစ် ခုနဲ့ ယာယီ သိမ်းပိုက်ခံထားရတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှား ပင်လယ်နက်ရေယာဉ်စုရဲ့ အခြေခံအ ဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပါတယ်” လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် ခရီးသည်တင်ရေယာဉ်တွေ အပါအဝင် သယ်ယူပို့ဆောင်ရေး အ ခြေခံအဆောက်အအုံတွေ အနည်းငယ် ပျက်စီးခဲ့တယ်လို့ ရုရှားခန့်အပ် ဆီဗာစတိုပိုလ် အုပ်ချုပ်ရေးမှူး မီခေးလ်ရဇာဗိုဇာယက်ဗ်က Telegram မှာ ပြောပါတယ်။
“ခရီးသည်တင်ရေယာဉ် ၆ စင်းအနက် ၅ စင်းရဲ့ တံခါးတွေ ကျိုးပျက်သွားခဲ့ပါတယ်။ တံခါး ပျက်စီးသွားတဲ့ ခရီးသည်တင်ရေယာဉ်တွေကို အစားထိုးသွားမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
သန်းခေါင်ယံ တိုက်ခိုက်မှုတွေအတွင်း ခရီးသည်တင်ဘတ်စ်ကားသုံးစင်း၊ ကျောင်းကား ၁၃ စင်း၊ အခြားဘတ်စ်ကားတစ်စင်းတို့လည်း ပျက်စီးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ကိုးကား – Reuters
Ref; Ukraine says it hit two Russian warships in strikes on Crimea