
မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၂၆ ရက်
ရှမ်းမြောက်၊ လားရှိုးမြို့နယ် ပိန်းကန်ရွာအနီးတွင် စစ်ကောင်စီနှင့် မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီနှင့် မဟာမိတ်တပ်ဖွဲ့တို့ နယ်မြေကန့်သတ် ထားသည့် ပိန်းကန်ရွာကို စစ်ကောင်စီတပ်ဖွဲ့များ ကျူး ကျော်၀င်ရောက်လာသည့်အတွက် ယနေ့ မတ် ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လားရှိုးမြို့ ကုန်းညောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက ကန့်သတ်နယ်
ဇုန်အဖြစ် သတ်မှတ်ထားသည့် ပိန်းကန်ရွာကို ကျုးကျော်စစ်ကြောင်း ထိုးလာသည့်အတွက် မဟာမိတ်အဖွဲ့မှ ဝိုင်း၀န်းပိတ်ဆို့ ပစ်ခတ်ကြရာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲ ဖြစ်ပွါးခြင်း ဖြစ်သည်။
စစ်ကောင်စီဘက်က လားရှိုးအခြေစိုက် မြောက်ပိုင်း တိုင်းစစ် ဌာနချုပ်(မပခ)မှနေ၍ လက်နက်ကြီးပစ်ကူ များ အဆက်မပြတ်ပစ်ကူပေးကြောင်း သိရသည်။
“လက်နက်ကြီးနဲ့ပစ်နေတာ ဌာနချုပ်ကနေပြီးတော့ အဆက်မပြတ်ပဲ။ ရပ်ကွက် ၅ မှာရှိတဲ့ ခမရ ၅၀၇ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ကူနေတာ။ အကြောင်းအရင်းက နယ်ကျော်လို့ အပြန်အလှန်ပစ်ကြတယ်ပြောတယ်။ ဟိုကောင်တွေ ပြန်ဆုတ်သွားတယ်လို့ ကြားတယ်”ဟု လားရှိုးမြို့နေ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက စတင်ပြီး စစ်ကောင်စီက လားရှိုး၊ သီပေါ၊ ကျောက်မဲမြို့နယ်များ တွင် စစ်အင်အားတိုးချဲ့ပြီး တပ်ဖွဲ့၀င်များကို တပ် ဖြန့်နေခြင်း ဖြစ်သည်။
၂၀၂၄ခုနှစ် ဇန်နဝါရီ ၁၁ ရက် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ရေးထိုးပြီးနောက်တွင် ယခုတိုက်ပွဲဖြစ် ပွားခြင်းသည် ပထမဆုံးအကြိမ် ညီနောင်မဟာမိတ်အဖွဲ့က ပြန်လည်ပစ်ခတ်သည့် တိုက်ပွဲဖြစ်ကြောင်း သိရသည်။
ပုံစာ- ၂၀၂၃ ခုနှစ်၊ နို၀င်ဘာ ၇ ရက်နေ့က မုံးကိုးနယ်စပ်ဂိတ်ကို သိမ်းပိုက်ရရှိခဲ့သည့် ညီနောင်မဟာ မိတ်သုံးဖွဲ့
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #မဟာမိတ် #MNDAA #Ayeyarwaddy_Times