ဧရာဝတီတိုင်းမ်
မတ်၂၅ရက်

မောင်တောမြို့နယ်ရှိ တမန်းသားအထိုင်စခန်းကို ရက္ခိုင့်တပ်တော် (AA) ကထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကို လိုက်လံရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၃ရက်နေ့က မောင်တောမြို့၊ တမန်းသား စခန်းကို ရက္ခိုင့်တပ်တော်(AA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းလျက်ရှိရာ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ချေမှုန်းနိုင်ခဲ့ပြီး အလောင်း ၂၀ ကျော်၊ လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း AAကထုတ်ပြန်ထားသည်။

ထို့အပြင် ဂုပ္ပီစခန်းမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မတ် ၂၀ ရက်နေ့မှ စတင်ကာ
ရက္ခိုင့်တပ်တော်၏ ပိတ်ဆို့ဖြတ်တောက်ရေး တပ်ဖွဲ့ဝင်များက လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ယင်းအ​ပြင် ဘူးသီးတောင်မြို့နယ်၊ အနောက်ပြင် ( ရွာပျက်) ၏ မီတာ ၃၀၀ ခန့်အကွာတွင် အဆိုပါထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ ၁၂ ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) ၏ တိုက်​ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် ထပ်မံ ဒဏ်ရာရရှိခဲ့၍ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်း ရမိကာ ထွက်ပြေးနေသူများအား
ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ဘူးသီးတောင်အခြေစိုက်၊ ခမရ-၅၅၂ တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်ရယူရေး အတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် နိုင်ငံအနှံ့အပြားရှိ ၎င်းတို့၏ တပ်စခန်းများအား တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသောကြောင့် အပြစ်မဲ့ ပြည်သူလူထုအပါအဝင် အရပ်ဘက်ပစ်မှတ်၊ စစ်ပွဲနှင့်မသက်ဆိုင်သော ပစ်မှတ်များကိုသာ ဦးတည်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိသည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် မိမိတို့ပြည်သူလူထုများကို နေ့စဉ်သတ်ဖြတ်နေသော စစ်ကောင်စီအား ထိုက်သင့်သော တုံ့ပြန်တိုက်ခိုက်မှုများဖြင့် လက်စားချေတုံ့ပြန်သွားမည်ဟု သတိပေးထားသည်။

#မောင်တော #စစ်ကောင်စီ #တမန်းသားစခန်း #ဂုပ္ပီစခန်း #AAတိုက်ခိုက် #Ayeyarwaddy_Times