
ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ပါ Burma Act အရ မြန်မာ့ အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးဖို့ပါဝင်တဲ့ အမေရိကန်အစိုးရ သုံးစွဲမယ့် ဘတ်ဂျက်ငွေ ကို သမ္မတဂျိုးဘိုင်ဒန်က မတ်လ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်ထဲမှာ မြန်မာ့အရေးအတွက် နည်းပညာအကူအညီအ ပါအဝင် ဒေါ်လာ ၁၂၁ သန်း အနည်းဆုံး ပံ့ပိုးကူညီဖို့ သတ်မှတ်ထားပါတယ်။
၂၀၂၄ ခုနှစ်အတွက် အမေရိကန်အစိုးရက သုံးစွဲမယ့် ဘတ်ဂျက်ငွေ ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ ကို လွှတ်တော်နှစ်ရပ်မှာ အတည်ပြုပြီးနောက် ဂျိုးဘိုင်ဒန်က လက်မှတ်ထိုးပြီး အတည်ပြုခဲ့တာ ဖြစ်ပါ တယ်။
NDAA ကို အမေရိကန်အောက်လွှတ်တော်က ၂၀၂၂ ဒီဇင်ဘာ ၇ ရက်နေ့မှာ အတည်ပြုခဲ့ပြီး စာ မျက်နှာ ၂၅ မျက်နှာပါဝင်တဲ့ Burma Act ကိုလည်း ထည့်သွင်းခဲ့ပါတယ်။
Burma Act အရ မြန်မာကို အကူအညီပေးဖို့ လျာထားတဲ့ ဒေါ်လာ ၁၂၁ သန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ ပေးအပ်ရမှာဖြစ်ပေမယ့် အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်အကျပ်အတည်းကြောင့် သတ်မှတ်ချိန်ထက် ၆ လ နောက်ကျပြီးမှာသာ အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
NDAA အရ အမေရိကန်နိုင်ငံက စစ်အာဏာရှင် တော်လှန်ရေးလက်နက်ကိုင်တွေနဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေအပါအဝင် အစီအစဉ် ၇ ခု ပေးအပ်မယ်လို့ သိရပါတယ်။
ကိုးကား – CNBA
Ref; Biden signs $1.2 trillion spending package for government funding until October