မြရာ/ဧရာ၀တီတိုင်း
မတ် ၂၅ ရက်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄ လမ်း ၃၁နှင့် ၃၂ လမ်းကြားရှိ မန္တလေး ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရပြီး သိန်း ၂၀၀၀ ကျော် ယူဆောင်သွားကြောင်း သိရသည်။

ယနေ့ မတ် ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် CZI အမျိုးအစားဆိုင်ကယ်နှစ်စီးဖြင့် အမျိုးသား သုံးဦး ဘဏ်အတွင်းသို့ ၀င်ရောက်ကာ သေနတ်ပြခြိမ်း ခြောက်ပြီး ဘဏ်ကောင်တာအတွင်းရှိ ငွေကျပ် သိန်း ၂၀၈၀ ကျပ်ကို ဓားပြတိုက် ယူဆောင်သွားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။

ထွက်ပေါ်လာသည့် CCTV မှတ်တမ်းအရ ဆိုင်ကယ်စီး Helmet ဆောင်းထားပြီး မက်စ်တပ်ထားသည့် ထောင် ထောင်မောင်းမောင်း အမျိုးသား သုံး ဦး ဘဏ်အတွင်းသို့ ၀င်လာ၍ ဘဏ်အတွင်းရှိနေသူများနှင့် ၀န်ထမ်းများကို သေနတ်ပြခြိမ်းခြောက်ကာ တစ်နေရာထဲသို့ စုနေစေပြီး ဘဏ်ကောင်တာအတွင်းရှိ ငွေများကို အိတ်များနှင့်ထည့်ကာ ယူဆောင်သွားသည်ကို တွေ့ရသည်။

ဘဏ်ဓားပြတိုက်သူများ ဓားပြပြီးနောက် ပြန်လည် ထွက်သွားသည့် လမ်းတလျှောက်ရှိ CCTV များ ကို စစ်ဆေးမှုပြုလုပ်ကာ အချိန်တိုအတွင်း ၎င်းတို့ ၃ ဦးကို ဖမ်းဆီးရမိဆောင်ရွက်နေသည်ဟု သိရသည်။

လက်ရှိ၌ မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်က လုံ ခြုံရေးတိုးမြှင့်ထားပြီး ခံစစ်ပြင်ဆင်ထားသည့်အပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသည့် မြို့တစ်ခု လည်းဖြစ်သည်။

ရုပ်သံ-ပေးပို့
#မန္တလေး #ချမ်းအေးသာစံ #ကမ္ဘောဇဘဏ် #ဓားပြတိုက်ခံရ #ကျပ်သိန်း၂၀၀၀ကျော် #Ayeyarwaddy_Times