
ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
ချင်းပြည်နယ်၊တီးတိန်မြို့တွင် စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးသူ စစ်ကောင်စီဝန်ထမ်း ငါးဦးကို ယနေ့မတ်လ ၂၅ရက်နေ့မနက်တွင် PDF Zoland က ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
သတိပေးချက်ကို ဂရုမစိုက်ပဲ အကြမ်းဖက် စစ်ကောင်စီ အတွက် အတင်းအဓ္ဓမ စစ်သားစုဆောင်း ကူညီပေးကြသူများဖြစ်သည့် ကပ်ဆွင်းခွါလ် (လက်ထောက် အင်ဂျင်နီယာ ၊စည်ပင်) ၊ ခွါလ်လျန်းမုန် (ဒု ကြီးကြပ် ၊မွေး/ကု) ၊ လျန်း လမ်ခိုင် (အုပ်စုစာရေး ၊ထွေအုပ်)၊ ရှင်းခန့်ခွါလ် (အားကာမှူး) နှင့် နန်ဆွင်းဂင့် (အငယ်တန်းစာရေး ၊လ၀က) တို့ကို လက်ရှိ၌ လုံခြုံသည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။
“အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်း နေသူတိုင်းဟာ ကျွန်တော်တို့ရဲ့ ဘုံရန်သူပဲ။ စကစ စစ်မှုထမ်း စာရင်းကောက်ယူနေတဲ့သူတွေကိုထပ်မံ အရေးယူဆောင်ရွက်သွားမှာပါ။ စစ်မှုထမ်းထဲပါတဲ့သူ ဘယ်သူမဆို ဟာလည်းကျွန်တော်တို့ ရဲ့ ဘုံရန်သူပါပဲ” ဟု PDF Zoland ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမိုက်တီးကဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် တီးတိန်မြို့နယ်အပါအဝင် ချင်းပြည်နယ် အတွင်းရှိ လူငယ်လူရွယ်အများအပြား တိုင်းတစ်ပါးသို့ ထွက်ခွါသူပိုများလာကာ အချို့မှာလည်း နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်လာကြောင်း ကိုမိုက်တီးက ဆိုသည်။
ပုံ – PDF Zoland
ပုံစာ – စစ်သားစုဆောင်းသူ စကစဝန်ထမ်းများ
#ချင်းပြည်နယ် #တီးတိန်မြို့ #စစ်မှုထမ်း #Zoland_PDF #ဖမ်းဆီးထိန်းသိမ်း #Ayeyarwaddy_Times