
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ မတ် ၂၄ ရက်
တနင်္သာရီ တိုင်း၊ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ မင်းသားရွာတွင် ယမန်နေ့ မတ်လ ၂၃ ရက် မနက် ၇ နာရီခန့်က တိုက်ပွားများဖြစ်ပွားနေကြောင်း ဒေသခံများထံကသိရသည်။
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သံများကြားရပြီးနောက်ကံပေါက်ဒေ အဝင်လမ်း ၂ ခုဖြစ်သည့် ကလိန်အောင်-ကံပေါက်လမ်းနှင့် ကံပေါက်-ဇာဒီလမ်းတို့ကို မောရဝတီရေတပ်က လမ်းပိတ်ထားပြီး ကင်းပုန်းများဝပ်ကာနေရာယူထားကြောင်း ဒေသခံများက ဆိုသည်။
” ကျွန်မတို့ ရွာဖက်ကို ရေတပ်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ အားလုံးဆို ငါး လုံးလောက်ရှိတယ်။ နေအိမ်ပေါ်ကိုလက်နက်ကြီး ကျရောက်ပါက်ကွဲလို့ မီးလောင် ထိခိုက်ပျက်စီးတာ တွေရှိတယ်” ဟု မင်းသားရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းသားရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ရေး -ထားဝယ် မလွဲတောင် လမ်းပိုင်းကို လမ်းပိတ်ချလိုက်ပြီး နေ့လယ်ဖက်မှသာ ပြန်လည်ဖွင့်ပေးခဲ့ကြောင်း ခရီးသွားပြည်သူများ ထံက သိရသည်။
ကံပေါက်ဒေသ အဝင်လမ်း နှစ်ခုဖြစ်သည့် ကလိန်အောင် – ကံပေါက် လမ်းနှင့် ကံပေါက် -ဇာဒီလမ်းပိုင်းကိုတော့ စစ်ကောင်စီတပ်က ပြန်လည်ဖွင့်ပေးခြင်းမရှိသေးကြောင်း သိရသည်။
“မနေ့က ကျွန်တော်တို့ ကားနဲ့ ရန်ကုန်ကို ခရီးသွားတာ ကံပေါက် သစ်တောရုံး အဝင် ဂိတ်ကနေပြီး ပြန်လှည့်လာရတယ်။ စစ်ကောင်စီတပ်သားတွေက ကျွန်တော်တို့ကို လမ်းပိတ်ထားတယ်။ သွားလို့မရဘူး ။ကား ပြန်လှည့်လို့ ပြောလို့ နောက်ကြောင်း ပြန်လှည့်လာခဲ့ရတယ်”ဟု ကံပေါက်ဒေသက ခရီးသွားပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် မင်းသားကျေးရွာအုပ်စုကို အင်တာနက် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထား ကြောင်း ယားဖူးရွာ ဒေသခံများထံက သိရသည်။
“ကျွန်မ ယောကျာ်းကို အဆက်အသွယ်မရသေးဘူး။ ကျွန်မ ယောကျာ်းက ဘုရားသုံးဆူ ကလေ။ သူက အဲဒီ မှာအလုပ်သွားလုပ်တာ။ အဆက်အသွယ်မရတော့ စိတ်ပူနေရတယ်” ဟု ယားဖူးကျေးရွာက အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် လက်ရှိအချိန်တွင် ဒေသခံရွာသားများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ယခု မတ်လဆန်းပိုင်းတွင် မောရဝတီရေတပ်စခန်းဌာနချုပ် သင်္ဘောဆိပ်တံတား ဒရုန်းဖြင့် ဗုံးချခံရစဥ်ကလည်း စစ်ကောင်စီသည် မင်းသားရွာနှင့် ဆင်ကူးရွာဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည်။
#ရေဖြူ #မင်းသားရွာ #တိုက်ပွဲဖြစ်ပွား #ဆက်သွယ်ရေးလိုင်း #ဖြတ်တောက် #ကံပေါက်အဝင်လမ်း #စစ်ကောင်စီပိတ် #Ayeyarwaddy_Times