ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်

ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် (CAN) ဟာ ဒရုန်းတပ်ဖွဲ့ရဲ့ အ ကူအညီနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်ရှိ ကျယ်ပြောသော နယ် မြေတစ်ခုကို စစ်ကောင်စီထံမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ ချင်းပြည်နယ်ရဲ့ စုစုပေါင်း ပိုင်နက်နယ်မြေ ၇၀ ရာခိုင်နှုန်းကို ထောင်ချီသောဒရုန်း တွေ ပိုင်ဆိုင်ထားတဲ့ CNA က ထိန်းချုပ်ထားတယ်လို့ The Guardian သတင်းစာက ဖော်ပြခဲ့ပါတယ်။

CNA ဒရုန်းတပ်ဖွဲ့ရဲ့ ဒရုန်းအများစုကို တရုတ်နိုင်ငံမှ ဝယ်ယူခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံလိုမျိုး အနောက်နိုင်ငံတွေမှလည်း ဝယ်ယူထားတယ်လို့ The Guardian က ဆိုပါတယ်။
CNA ဒရုန်းဌာန

အများစုဟာ တစ်ချိန်က အရပ်သားတွေဖြစ်တဲ့ ဒရုန်းပညာရှင်တွေဟာ လွန်ခဲ့သောတစ်နှစ်က ဖွဲ့ စည်းခဲ့တဲ့ CNA ဒရုန်းတပ်ဖွဲ့ကို ဉီးဆောင်ပါတယ်။

CNA ဒရုန်းတပ်ဖွဲ့ဝင်တွေဟာ YouTube မှာ လက်တွေ့လေ့ကျင့်မှုတွေ ပြုလုပ်တာအပါအဝင် စစ်ဆင်ရေး လေ့ကျင့်မှုတွေကို လနဲ့ချီ ပြုလုပ်ခဲ့ကြတာပါ။

“CNA ဒရုန်းဌာနကို အင်ဂျင်နီယာကျောင်းသားအချို့ရယ်၊ ဝါသနာအရ ဒရုန်းနဲ့ပတ်သက်တဲ့ ဗဟု သုတတွေ ဆည်းပူးထားသူတွေဖြစ်တဲ့ အရည်အချင်းပြည့်ဝသော လူငယ်တော်လှန်ရေးသမားတွေနဲ့ ဖွဲ့ စည်းထားပါတယ်” လို့ CNA လက်ထောက်
အထွေထွေအတွင်းရေးမှူး ဆလိုင်းရမ်ကုလ်ကျုံးကို ကိုးကား ပြီး The Guardian က ဖော်ပြပါတယ်။

“CNA ဒရုန်းဌာနဟာ ဒရုန်းပညာ အဆင့်မြှင့်တင်ဖို့နဲ့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးဖို့ အင်တာ နက်ကို ကြီးမားစွာ မှီခိုနေရပါတယ်” လို့ သူက ဆိုပါတယ်။
မကြာသေးမီက အောင်မြင်မှုများ

CNA ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း ချင်းပြည်နယ်ရှိ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ် ချင်းထိစပ်နေတဲ့ မြို့ခုနှစ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုတွေ စတင်ပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ဝန်းကျင် အိန္ဒိယ နိုင်ငံရှိ နယ်စပ်ပြည်နယ်တစ်ခုဖြစ်တဲ့ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးသွားခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေမှာ ဒရုန်းတွေက အရေးပါခဲ့ပါတယ်” လို့ ဆလိုင်းရမ်ကုလ်ကျုံး က ပြောပါတယ်။
“လွိုင်လင်းပီမြို့မှာလိုမျိုး တိုက်ခိုက်မှုတွေကို လနဲ့ချီကြာအောင် စီစဉ်လေ့ကျင့်ပြီးမှ လုပ်ဆောင် ခဲ့တာပါ” လို့ ၎င်းက ဆက်ပြောပါတယ်။
စစ်တပ်ရဲ့ အားသာချက်တွေ
အာဏာသိမ်းမှုစတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ခေတ်မီလေတပ်ဖွဲ့ရဲ့ ပုံစံတစ်ခုအနေနဲ့ မြန်မာ စစ်တပ်ဟာ ဒရုန်းတွေဖြန့်ကြက်ပြီး ကနဉီးမှာ အားသာချက်တွေ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ကာလအတွင်း ဂျက်တိုက်လေယာဉ်တွေ အသုံးပြုဖို့က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်း ချုပ်ထားရာဒေသတွေမှာ ရာနဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မြန်မာစစ်တပ်အ တွက် ငွေကြေးအရ အခက်အခဲတွေ ရှိလာခဲ့တယ်လို့ The Guardian က ဆိုပါတယ်။
နှိုင်းယှဉ်ကြည့်ပါက ဒရုန်းတပ်ဖွဲ့တစ်ခုကို ကုန်ကျစရိတ် နည်းနည်းနဲ့ ထိရောက်စွာ စစ်ဆင်ရေး တွေ လုပ်ဆောင်နိုင်ပါတယ်။
မြန်မာစစ်တပ်က ဒရုန်းတွေနဲ့တိုက်ခိုက်ဖို့ ကြိုးပမ်းနေ
CNA ရဲ့ ဒရုန်းတပ်ဖွဲ့ အောင်မြင်မှုကို စစ်ဆင်ရေးတွေမှာ ဒရုန်းတွေ အသုံးပြုဖို့ ကြိုးပမ်းနေတဲ့ မြန်မာစစ်တပ်က သတိမထားမိခဲ့ပါဘူး။

ဒါ့အပြင် လေ့ကျင့်မှုမရှိတာဟာ မြန်မာစစ်တပ်အတွက် အလိုရှိတဲ့ရလဒ်တွေ မဖြစ်စေပါဘူး” လို့ The Guardian က ဖော်ပြပါတယ်။

“ဒရုန်းတွေ အသုံးပြုတာဟာ မြန်မာ့စစ်မြေပြင်မှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်စေခဲ့ပါ တယ်” လို့ နယူးဒေလီမြို့တော်အခြေစိုက် မူဝါဒသုတေသနဗဟိုဌာနမှ အကြီးတန်းပညာရှင် အန်ရှုမန် ချောင်ဒူရီက ပြောပါတယ်။

“ဒရုန်းတွေဟာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား မဟာဗျူဟာ ခေါက်ချိုးမညီမှုကို လုံးဝ နိဂုံးမချုပ်စေခဲ့ပေမယ့် သိသိသာသာ ဆုတ်ယုတ်စေခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

The defense post ပါ ဆောင်းပါးရှင် Inder Singh Bisht ရဲ့ Myanmar rebels deploy drone fleet to push back military ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

#Ayeyarwaddy_Times