ဧရာဝတီတိုင်းမ်
မတ် ၂၄ ရက်

မိမိရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်တဲ့ ဖိလစ်ပိုင်နိုင်ငံကို တရုတ်နိုင်ငံက မတ်လ ၂၃ ရက်မှာ ရှုတ်ချခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်အောင်မလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

တရုတ်ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ကာ တရားမဝင် သောင်တင်နေတဲ့ စစ်သင်္ဘော ထံ ဆောက်လုပ်ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ ဖိလစ်ပိုင်နိုင်ငံက ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောနှစ်စင်းနဲ့ ထောက်ပံ့ရေးသင်္ဘောတစ်စင်း စေလွှတ်ခဲ့တယ်လို့ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂန်ယုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ဒုက္ခရောက်အောင် ဖန်တီးနေပြီး အငြင်းပွားမှုတွေ ဆွနေကာ တောင်တရုတ် ပင်လယ်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို တမင်တကာ ပျက်ပြားအောင်လုပ်နေတယ်လို့ သူက ဆို ပါတယ်။

တရုတ်နိုင်ငံက သတိပေးမှုတွေ၊ လမ်းကြောင်းထိန်းချုပ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့လင့်ကစား ဖိလစ်ပိုင် ထောက်ပံ့ရေးသင်္ဘောက တရုတ်ပိုင်နက်အတွင်း အဓမ္မ ဝင်ရောက်ခဲ့တယ်လို့ သူက ဆက်ပြော ပါတယ်။

“မီးနဲ့ကစားရင် မီးလောင်ခံရမယ်” လို့ ၎င်းက ဖိလစ်ပိုင်နိုင်ငံကို သတိပေးခဲ့ပြီး တရုတ် ကမ်းခြေ စောင့်တပ်ဖွဲ့ကို အချိန်ပြည့် တပ်လှုန့်ထားကာ တိုင်းပြည်ရဲ့ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနဲ့ ပင် လယ်ရေကြောင်း အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ သံန္နိဌာန်ချထားတယ်လို့ သူက ဆိုပါ တယ်။

ထိပါးမှုနဲ့ ရန်စမှုတွေ ချက်ချင်း ရပ်တန့်ဖို့နဲ့ တောင်တရုတ်ပင်လယ်တွင်း ငြိမ်းချမ်းရေးနဲ့ တည် ငြိမ်မှု ထိခိုက်အောင်မလုပ်ဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ဖိလစ်ပိုင်နိုင်ငံကို တိုက် တွန်းခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ရန်စမှုတွေ ဆက်လုပ်နေရင် တရုတ်နိုင်ငံက အချုပ်အခြာအာဏာ၊ ရေကြောင်း အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်မယ့် ပြတ်သားသော အစီအမံတွေ ချမှတ် မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဖြစ်လာနိုင်သော အကျိုးဆက်အားလုံးကို တာဝန်ယူဖို့ ဖိလစ်ပိုင်နိုင်ငံက ပြင်ဆင်ထားသင့်တယ် လို့ အဆိုပါထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုးကား – CGTN
Ref; China urges the Philippines not to undermine South China Sea stability

#Ayeyarwaddy_Times