
ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်
သေနတ်သမားအများအပြားက မော်စကိုမြို့တော်ဆင်ခြေဖုံးရှိ တေးဂီတဖြေဖျော်ပွဲခန်းမတစ်ခု ကို ပစ်ခတ်ခဲ့ရာ လူ ၄၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကရာနိုဂိုရော့ခ်မြို့တော်မှာ သောကြာနေ့ညနေပိုင်းက ဖြစ်ပွားတဲ့ အဆိုပါတိုက်ခိုက်မှုကို IS စစ် သွေးကြွတွေက လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုလို့ ရု ရှား ဖက်ဒရယ်လုံခြုံရေးဌာနက ပြောပါတယ်။
ဂီတဖြေဖျော်ပွဲရှေ့ရှိ နေရာကို မျက်နှာဖုံးဝတ်ဆင်ထားတဲ့ လူအများအပြား စီးနင်းတိုက်ခိုက်ခဲ့ တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဂီတဖြေဖျော်ပွဲခန်းမရှိရာ အဆောက်အအုံမှ မီးတောက်တွေ၊ မီးခိုးငွေ့တွေ ထွက်ပေါ်နေပုံကို နိုင် ငံပိုင်ရုပ်သံဌာနက ထုတ်လွှင့်ပြသခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်သား ၃၂၀ ကျော်က မီးငြှိမ်းသတ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင် နေတယ်လို့ ရုရှားအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ပစ်ခတ်မှုမှာ လူသုံးဉီးထက်မနည်း ပါဝင်ခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းတွေ ပစ်ပေါက်ခဲ့တယ်ဆိုတဲ့ သ တင်းတွေလည်းရှိနေတယ်လို့ RIA Novosti သတင်းဌာနက ဖော်ပြပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်သမားတွေကို ရှာဖွေလျက်ရှိပါတယ်။ သမ္မတ ပူတင်ထံ တိုက် ခိုက်မှုနဲ့ပတ်သက်လို့ တင်ပြခဲ့ရာ အရေးပါသော ညွှန်ကြားချက်တွေ ပေးခဲ့တယ်လို့ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က ဒေသန္တရမီဒီယာတွေကို ပြောပါတယ်။
ကိုးကား – NHK
Ref; Dozens dead in Russia concert hall shooting