မြရာ/ဧရာ၀တီတ်ိုင်းမ်
မတ် ၂၃ ရက်

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရုံးနှင့် ဂေါက် ကွင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ဗိုလ်မှူးအဆင့်ရှိသူများအပါအဝင် စစ်ဗိုလ်အရာရှိ ၂၈ ဦးသေဆုံးကြောင်း သိရသည်။

ယမန်နေ့ မတ် ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရန်ကုန် တိုင်းစစ်ဌာနချုပ်ရုံးနှင့် ဂေါက်ကွင်းပေါက်ကွဲမှုဖြစ် စဉ်တွင် တပ်နယ်ရုံးမှဗိုလ်မှူးများအပါအဝင်၊ စစ်ဆင်ရေး G3 ၊ ဌာနတာ၀န်ခံဗိုလ်ကြီးများ စုစုပေါင်း ၂၈ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ် တပ်တွင်းသတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။

ယမန်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်ရုံးသို့ အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၅ မှူး) ဒုဗိုလ်ချုပ်ကြီးသက်ပုံနှင့်အဖွဲ့ လာရောက်မည်ဆို သောကြောင့် ရန်ကုန်တိုင်း ပကဖအဖွဲ့၀င်များက ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ပေါက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုတွင် တပ်နယ်ရုံးမှ ဗိုလ်မှူး သုံးဦး၊ စစ်ဆင်ရေး စစ်ဦးစီးမှူး (တတိယတန်း) G-3 ဗိုလ်ကြီး တစ်ဦး ၊ ဌာနတာ၀န်ခံ ဗိုလ်ကြီး သုံးဦး၊ တပ်ကြပ်ကြီး စာရေးသုံးဦးနှင့် တပ်ဖွဲ့၀င် ခုနစ် ဦး၊ စခန်းရုံးလုံခြုံ ရေးတပ်ကြပ်ကြီး တစ်ဦးနှင့် တပ်ဖွဲ့၀င် ရှစ် ဦး၊ လုံခြုံရေးတာ၀န်ခံ တစ် ဦး၊ စည်ပင်ဒုလက်ထောက်နှင့် အကြီးတန်းစာရေး စုစုပေါင်း ၂၈ ဦးသေဆုံးပြီး စရန ဒုဗိုလ်မှူးကြီး စစ်ဦးစီးမှူး (ပထမတန်း) G-1 တစ်ဦး ဘယ်ပုခုံးရှပ်ထိပြီး ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“ပေါက်ကွဲမှုမှာ G-1 ကပုခုံးရှပ်ထိပါတယ်။ G-3 အဆင့် အပါအ၀င် သေတာ ၃၀ နီးပါးပဲ။ အထဲမှာအတော် တော့ ဂယက်ရိုက်နေတယ်”ဟု တပ်သတင်းရင်းမြစ် က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အလားတူ ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့)ကလည်း ပေါက်ကွဲမှုတွင် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအပါအ၀င် ၂၀ သေဆုံးသည်ဟု ပြောဆိုထားကြောင်း သိရသည်။

ဓာတ်ပုံ- ရန်ကုန်ပကဖ(အထူးတပ်ဖွဲ့)

#ရန်ကုန် #တိုင်းစစ်ဌာနချုပ် #ဂေါက်ကွင်း #ပေါက်ကွဲမှု #စစ်ကောင်စီ #G3 #ဗိုလ်မှူး #ဗိုလ်ကြီး #၂၈ ဦး #သေဆုံး #G1 #ဒဏ်ရာရ #Ayeyarwaddy_Times