ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာဟာ မနေ့က နယူးဒေလီမြို့တော်မှာ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် Alounkeo Kittikhoun ကို တွေ့ဆုံကာ မြန်မာ့အရေး ပွင့်လင်း စွာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

“မြန်မာ့အရေးနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် ဂယက်ရိုက်ခတ်မှုကို ဆွေးနွေးရတဲ့အတွက် ဝမ်း မြောက်ပါတယ်” လို့ အက်စ်ဂျိုင်ရှန်ကာက လူမှုကွန်ရက် X မှာ ရေးထားပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ လုံခြုံရေးအခြေအနေ ဆိုးရွားလာတာကြောင့် ပြည်ပရေးရာဝန် ကြီးဌာနက အိန္ဒိယနိုင်ငံသားတွေအားလုံး ရခိုင်ပြည်နယ်မှ ထွက်ခွာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆိုးရွားသော လုံခြုံရေးအခြေအနေကြောင့် မြန်မာပဋိပက္ခဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေ ဆဲပဲလို့ ပြည်ပရေးရာဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က မတ်လ ၁၅ ရက် မီဒီယာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ရရှိလိုကြောင်း၊ တိုက်ပွဲတွေဖြစ်နေပြီး လုံခြုံရေးအခြေအနေ ဆိုးရွားလာပေမယ့် အကြမ်းဖက်မှုတေွ ရပ်ဆိုင်းကြဖို့ အဖွဲ့အစည်းအားလုံးကို တောင်းဆိုကြောင်း သူက ဆိုပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ အပြုသဘောဆောင်သော တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်စေချင်ပါတယ်။ တွေ့ဆုံဆွေးနွေးမှု၊ အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှု မှတစ်ဆင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် ထူထောင်စေချင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ကိုးကား – ANI News
Ref; EAM Jaishankar receives ASEAN special envoy on Myanmar

#Ayeyarwaddy_Times